Tuesday, November 26, 2013

သမ္မတဦးသိန်းစိန် ဖိလိပိုင်နိုင်ငံ လည်ပတ်မယ်

ABC

မြန်မာနိုင်ငံ ​သမ္မတ ​ဦးသိန်းစိန်က ​ဒီဇင်ဘာလ ​အစောပိုင်းမှာ ​ဖိလိပိုင်နိုင်ငံကို ​သွားရောက်လည်ပတ်ဖို့ ​ရှိတယ်လို့ ​သိရပါတယ်။

ဒီဇင်ဘာလ ​၄ ​ရက်ကနေ ​၆ ​ရက်နေ့အထိ ​သွားရောက်မယ့် ​ခရီးစဉ်အတွင်း ​သမ္မတဦးသိန်းစိန်က ​ဖိလိပိုင်နိုင်ငံ ​သမ္မတ ​Benigno ​Aquino ​နဲ့ ​ကုန်သွယ်ရေး၊ ​ရင်းနှီးမြုပ်နှံရေး၊ ​စိုက်ပျိုးရေး၊ ​စွမ်းအင်နဲ့ ​ရိုးရာဖလှယ်ရေးတွေအပြင် ​သတင်းအချက်အလက် ​ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ​ဆွေးနွေးကြမှာ ​ဖြစ်ပါတယ်။

အဲဒါ့အပြင် ​၂၀၁၄ ​ခုနှစ်မှာ ​မြန်မာနိုင်ငံက ​အာဆီယံ ​ဥက္ကဌအဖြစ် ​ဆောင်ရွက်မယ့်ကိစ္စတွေကိုလည်း ​ဆွေးနွေးကြမှာဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ ​ဖိလိပိုင်သမ္မတတို့ ​ဂျွန်လတုန်းကပဲ ​နေပြည်တော်မှာ ​တစ်ကြိမ် ​တွေ့ဆုံခဲ့ကြပါတယ်။

ဖိလိပိုင်သမ္မတက ​မြန်မာနိုင်ငံမှာ ​ကျင်းပတဲ့ ​ကမ္ဘာ့စီးပွားရေးညီလာခံကို ​တက်ရောက်နေတုန်း ​တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ​၂၀၁၅ ​ခုနှစ်ကျရင် ​ဖိလိပိုင်နိုင်ငံက ​ကမ္ဘာ့စီးပွားရေးညီလာခံရဲ့ ​အိမ်ရှင်အဖြစ် ​လက်ခံကျင်းပဖို့ရှိကြောင်း ​ကျိုဒိုးသတင်းအရ ​သိရပါတယ်။

No comments:

Post a Comment