Monday, November 25, 2013

မြန်မာပြည်တွင်း ၁၁ပါတီ ပြည်ပရောက်အဖွဲ့နဲ့ ချင်းမိုင်မှာ တွေ့ဆုံ

ABC

မြန်မာနိုင်ငံက ​နိုင်ငံရေးပါတီ ​၁၁ ​ပါတီက ​ခေါင်းဆောင်တွေဟာ ​ပြည်ပရောက် ​တိုင်းရင်းသား ​လက်နက်ကိုင် ​ခေါင်းဆောင်တွေ ​အပါအ၀င် ​ပြည်ပက ​နိုင်ငံရေး ​ခေါင်းဆောင်တွေနဲ့ ​ဆွေးနွေးဖို့အတွက် ​နိုဝင်ဘာ ​၂၁ ​ရက် ​မနေ့က ​ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့ကို ​ရောက်လာခဲ့ကြပါတယ်။

အနာဂတ်မြန်မာနိုင်ငံနဲ့ ​တိုင်းရင်း ​သားများနဲ့ဒီမိုကရေစီအဖွဲ့အစည်းတွေရဲ့ ​နိုင်ငံတော် ​တည်ဆောက်ရေးမှာ ​ပါဝင်တဲ့ ​အခန်းကဏ္ဍတွေ ​ဆွေးနွေးဖို့အတွက် ​ရောက်ရှိလာတာဖြစ်ပြီး ​လူမှုအခြေပြုလူ့အဖွဲ့အစည်း ​ခေါင်းဆောင်တွေနဲ့ ​တွေ့ဆုံဖို့ရှိတယ်လို့လည်း ​သိရပါတယ်။

မြန်မာနိုင်ငံက ​လာရောက်တဲ့ ​ခေါင်းဆောင်တွေထဲမှာ ​ရှမ်းတိုင်းရင်းသားများ ​ဒီမိုကရက်တစ် ​ပါတီ ​SNDP ​ဥက္ကဌ ​စိုင်းအိုက်ပေါင်း၊ ​ရှမ်းတိုင်းရင်းသားများ ​ဒီမိုကရေစီအဖွဲ့ချူပ် ​SNLD ​ပါတီက ​အထွေထွေအတွင်းရေးမှူး ​ဦးစိုင်းညွန့်လွင်၊ ​အမျိုးသား ​ဒီမိုကရေစီအဖွဲ့ချူပ်NLD ​ပါတီက ​ဒေါ်နန်းခင်ထွေးမြင့်၊ ​အမျိုးသားဒီမိုကရေစီ ​အင်အားစုပါတီ ​NDF ​ဥက္ကဌ ​ဦးခင်မောင်ဆွေ၊ ​ချင်းတိုးတက်ရေးပါတီ ​CPP ​ဥက္ကဌ ​ဦးနိုးထမ်ကပ်၊ ​မတူကွဲပြားခြင်းနှင့် ​ငြိမ်းချမ်းရေးပါတီက ​ဥက္ကဌ ​ဦးနေမျိုးဝေနဲ့ ​ဒီမိုကရက်တစ်ပါတီ ​(မြန်မာ) ​က ​ဒေါ်သန်းသန်းနု ​တို့ ​ ပါဝင်ပါတယ်။

ပြည်တွင်းပြည်ပ ​နိုင်ငံရေးခေါင်းဆောင်များ ​ဆွေးနွေးပွဲကို ​နိုဝင်ဘာ ​၂၂ ​ရက်နေ့ဒီကနေ ​စတင်မှာဖြစ်ပြီး ​ဒီတွေ့ဆုံပွဲ ​ဖြစ်မြောက်ဖို့အတွက် ​မြန်မာငြိမ်းချမ်းရေးစင်တာ ​MPC ​နဲ့ ​ဂျပန်နိုင်ငံအခြေစိုက် ​နီပွန်းဖောင်ဒေးရှင်းက ​ဦးဆောင်စီစဉ်ခဲ့တာ ​ဖြစ်ကြောင်း ​မြန်မာငြိမ်းချမ်းရေးစင်တာက ​တာဝန်ရှိသူ ​ဦးညိုအုန်းမြင့် ​က ​အခုလို ​ ပြောပါတယ်။

အဓိကကတော့ ​ကျနော်တို့ ​သမ္မတကြီးရဲ့ ​အော်အင်ကလူးဆစ် ​(All ​Inclusive)ဆိုတဲ့ ​မူဝါဒအပေါ်မှာ ​ကျနော်တို့ ​ဒီ ​နိုင်ငံရေးပါတီတွေ ​ဘက်ကလည်း ​တောင်းဆိုလာတာတွေ ​ရှိပါတယ်။ ​အဲ့လိုတောင်းဆိုလာတဲ့အ ​တွက်ကြောင့် ​ကျနော်တို့ ​Myanmar ​Peace ​Center ​ကနေပြီးတော့ ​ဥက္ကဌ ​လည်းဖြစ်တဲ့ ​နောက် ​ငြိမ်းချမ်းရေး ​ဖော်ဆောင်ရေးရဲ့ ​ဒုဥက္ကဌ ​ဖြစ်တဲ့ ​ဦးအောင်မင်း ​အနေနဲ့ ​ဒါကို ​ကတိပေး ​ပြီးတော့ ​ဒီအစီအစဉ်ကို ​ဖန်တီးတာ ​ဖြစ်ပါတယ်။ ​နောက်တချက် ​အရေးကြီးတဲ့ ​အချက်ကတော့ ​ကျနော်တို့ ​နိုင်ငံရေး ​တွေ့ဆုံဆွေးနွေးပွဲတွေလုပ်တဲ့အခါမှာ ​ဒီလက်နက်ကိုင်မဟုတ်တဲ့ ​နိုင်ငံရေး ​ပါတီတွေ ​တိုင်းရင်းသား ​နိုင်ငံရေးပါတီတွေကလည်း ​ကျနော်တို့ ​ပေါ်လတီကယ်လ် ​ဒိုင်ယာလော့ ​မှာ ​ပါလာမှာဖြစ်တဲ့အတွက်ကြောင့် ​သူတို့တွေနဲ့လည်း ​ကြိုပြီးတော့ ​တင်ပြထားနိုင်ရင် ​ပိုပြီးတော့ ​ဒီထက်ပိုကောင်းမယ်လို့ ​ကျနော်တို့ ​ယူဆတဲ့အတွက်ကြောင့် ​ဒီအစီအစဉ်လေးကို ​ကျနော်တို့ ​ပံ့ပိုးကူညီတာပဲ ​ဖြစ်ပါတယ်။

ပြည်တွင်း ​နိုင်ငံရေး ​ခေါင်းဆောင်တွေ ​အနေနဲ့ ​အဖွဲ့အစည်း ​အားလုံးကို ​တချိန်တည်း ​တွေ့ဆုံနိုင်မှာမဟုတ်ပဲ ​ ဒီကနေ့ ​မနက်ပိုင်းမှာ ​ညီညွတ်သော ​တိုင်းရင်းသား ​လူမျိုးများ ​ဖက်ဒရယ်ကောင်စီ ​UNFC ​ခေါင်းဆောင်တွေနဲ့ ​တွေ့ဆုံပြီး ​ညနေပိုင်းမှာတော့ ​ရှမ်းပြည် ​ပြန်လည်ထူထောင်ရေး ​ကောင်စီ ​RCSS ​က ​ခေါင်းဆောင်တွေနဲ့ ​ဆက်လက် ​တွေ့ဆုံမှာဖြစ်ပါတယ်။ ​အဲ့ဒီနောက် ​ကချင်ပြည်နယ် ​လိုင်ဇာမြို့မှာ ​ဖွဲ့စည်းခဲ့တဲ့ ​တနိုင်ငံလုံး ​အပစ်အခတ်ရပ်စဲရေး ​ဆိုင်ရာ ​ညှိနှိုင်းရေးအဖွဲ့က ​ခေါင်းဆောင်တွေအပြင် ​အမျိုးသမီးများ ​အဖွဲ့ချုပ် ​WLB ​အဖွဲ့၊ ​လူ့ဘောင်သစ် ​ဒီမိုကရက်တစ်ပါတီ၊ ​မြန်မာနိုင်ငံလုံးဆိုင်ရာ ​ကျောင်းသားများ ​ဒီမိုကရက်တစ်တပ်ဦး ​ABSDFနဲ့ ​ဒီမိုကရေစီနှင့် ​ဖွံ့ဖြိုးတိုးတက်ရေးပါတီ ​NDD ​အဖွဲ့က ​ခေါင်းဆောင်တွေနဲ့ ​တွေ့ဆုံပြီး ​မြန်မာနိုင်ငံရဲ့ ​လက်ရှိ ​နိုင်ငံရေးနဲ့ ​လူမှုရေး ​ပြုပြင်ပြောင်းလဲရေးနဲ့ ​စိန်ခေါ်မှုတွေကို ​ဆွေးနွေးသွားကြမှာ ​ဖြစ်တယ်လို့ ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုးက ​သတင်းပေးပို့ထားပါတယ်။

No comments:

Post a Comment