Monday, November 25, 2013

အစိုးရဘက်က တပ်ပိုင်းဆိုင်ရာ ဖြေလျော့မှုတွေ လုပ်ဖို့ လိုအပ်လို့ UNFC ဆို

ABC

မြန်မာ ​အစိုးရနဲ့ ​တိုင်းရင်းသား ​လက်နက်ကိုင်တွေအဖွဲ့အစည်းတွေကြား ​တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ​အပစ်အခတ်ရပ်စဲရေး ​ရရှိဖို့အတွက် ​အစိုးရဘက်က ​တပ်ပိုင်းဆိုင်ရာ ​ဖြေလျော့မှုတွေ ​ပြုလုပ်ပေးဖို့ ​လိုအပ်တယ်လို့ ​တိုင်းရင်းသား ​လူမျိုးများ ​ဖယ်ဒရယ်ကောင်စီ ​UNFC ​က ​မနေ့တုန်းက ​ပြောဆိုလိုက်ပါတယ်။

ခိုင်မာတဲ့ ​အပစ်အခတ်ရပ်စဲရေး ​ရရှိဖို့ ​အစိုးရအနေနဲ့ ​တစ်ပြည်လုံးအပစ်အခတ်ရပ်စဲကြောင်း ​ကြေညာပေးရမှာဖြစ်သလို ​တပ်နေရာ ​ချထားရေး ​ကိစ္စတွေ၊ ​နှစ်ဖက် ​စောင့်ကြည့်ရေး ​အဖွဲ့တွေ ​ပြုလုပ်ပေးဖို့လိုအပ်တယ်လို့ ​UNFC ​ရဲ့ ​အထွေထွေအတွင်းရေးမှူး ​နိုင်ဟံသာ ​ကအခုလို ​ပြောပါတယ်။

“အစိုးရဘက်က ​တစ်ပြည်လုံး ​အပစ်အခတ်ရပ်စဲကြောင်း ​ကြေညာပေးပါ။ ​ဒါကို ​ကျွန်တော်တို့တောင်းဆိုတယ်။ ​အဲတော့ ​လက်မှတ်ထိုးမယ်ဆိုရင် ​တစ်ကယ် ​ခိုင်မာတဲ့ ​အနေအထားအရ ​တိုက်ပွဲ ​ဆက်မဖြစ်နိုင်တဲ့ ​အနေအထားကို ​ကျွန်တော်တို့ ​ဖန်တီးရမယ်။ ​တပ်တွေနဲ့ ​ရှုပ်ထွေးနေတယ် ​ရောနှောနေတဲ့ဟာတွေကို ​ကျွန်တော်တို့ ​ခွါပေးရမယ်။ ​တပ်တွေရဲ့ ​လှုပ်ရှားခွင်တွေကို ​သတ်မှတ်ပေးရမယ်။ ​တပ်တွေ ​လိုက်နာရမယ့် ​စည်းမျဉ်းစည်းကမ်းကို ​နှစ်ဖက်စလုံးပေါ့ဗျာ ​လိုက်နာဖို့ ​ကျွန်တော်တို့ ​ဖန်တီးပေးရမယ်။ ​အဲသလို ​လုပ်ထားပြီးရင်လည်း ​အဲဒီ ​အပစ်အခတ်ရပ်စဲရေး ​ကို ​စောင့်ကြည့်ဖို့ ​အဖွဲ့တွေကိုလည်း ​ကျွန်တော်တို့ ​ဖန်တီးပေးထားရမယ်။ ​ဖွဲ့စည်းထားပေးရမယ်။ ​ဒါမှ ​ခိုင်မာတဲ့ ​အနေအထားမျိုး ​ရှိမှ ​လက်မှတ်ထိုးမယ်ဆိုတဲ့ ​ရည်ရွယ်ချက်မျိုး ​ကျွန်တော်တို့မှာ ​အမြင် ​ရှိတယ်။”


ဒါ့အပြင် ​အပစ်အခတ်ရပ်စဲရေး ​ရရှိပြီးတာနဲ့ ​နိုင်ငံရေး ​ဆွေးနွေးပွဲကို ​မကြာမီ ​ပြုလုပ်ရမယ်ဆိုတဲ့ ​အာမခံချက်လည်း ​ပေးဖို့ ​လိုအပ်တယ်လို့ ​ဆိုပါတယ်။ ​တစ်ဆက်တည်းမှာပဲ ​တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ​တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ​အပစ်အခတ်ရပ်စဲရေး ​မူကြမ်းတစ်ခုကို ​ဒီကနေ့မှာ ​စတင်ရေးဆွဲမှာ ​ဖြစ်ပြီး ​မကြာမီကာလအတွင်း ​ပြုလုပ်မယ့် ​ဒုတိယအကြမ် ​ဆွေးနွေးမှာ ​အပြီးသတ် ​မူကြမ်းကို ​တင်ပြသွားမှာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

အဲဒီမူကြမ်းမှာ ​ဖယ်ဒရယ် ​ပြည်ထောင်စု ​တပ်မတော် ​ဖွဲ့စည်းဖို့ ​ကိစ္စကို ​ထည့်သွင်းသွားမှာ ​ဖြစ်ပြီး ​အစိုးရဘက်က ​တင်ပြလာတဲ့ ​အပစ်အခတ်ရပ်စဲရေး ​မူကြမ်းနဲ့ ​ဆက်လက် ​ညှိနှိုင်းမှုတွေ ​ပြုလုပ်သွားမှာ ​ဖြစ်တယ်လို့လည်း ​UNFC ​ရဲ့ ​အထွေထွေ ​အတွင်းရေးမှူးက ​ဆက်လက် ​ပြောဆိုခဲ့ပါတယ်။

UNFC ​က ​ထိပ်ပိုင်း ​ခေါင်းဆောင်တွေ ​ဖြစ်တဲ့ ​ဒုဥက္ကဌ ​(၁) ​ခွန်းအေဘယ်လ်တွိဒ်၊ ​ဒုဥက္ကဋ္ဌ(၂) ​ပဒိုဒေးဗစ်သာကပေါနဲ့ ​အထွေထွေအတွင်းရေးမှူး ​နိုင်ဟံသာတို့ဟာ ​အပစ်အခတ်ရပ်စဲရေးနဲ့ ​ပြည်တွင်းငြိမ်းချမ်းရေး ​ဖော်ဆောင်နိုင်ရေး ​ဆွေးနွေးဖို့ ​ ပြည်ထောင်စု ​ငြိမ်းချမ်းရေး ​ဖော်ဆောင်ရေး ​ကော်မတီရဲ့ ​ဖိတ်ကြားချက်အရ ​နိုဝင်ဘာလ ​၂၃ ​ရက်နေ့ကတည်းက ​ရန်ကုန်မြို့ကို ​ရောက်ရှိနေတာဖြစ်ပြီး ​မနေ့က ​နေ့လည်ပိုင်းမှာတော့ ​အပစ်အခတ်ရပ်ရေး ​စာချုပ်နဲ့ ​ပက်သက်ပြီး ​ဝန်ကြီး ​ဦးအောင်မင်း ​ဦးဆောင်တဲ့ ​ငြိမ်းချမ်းရေးကော်မတီနဲ့ ​တွေ့ဆုံ ​ဆွေးနွေးခဲ့ပါတယ်။

UNFC ​က ​ကိုယ်စားလှယ်တွေဟာ ​ဒီကနေ့မှာတော့ ​၈၈ ​မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ ​တွေ့ဆုံဖို့ရှိပြီး ​နိုဝင်ဘာလ ​၂၆ ​ရက်နေ့မှာတော့ ​ထိုင်းနိုင်ငံကို ​ပြန်လည်ထွက်ခွါမှာ ​ဖြစ်ကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ထားပါတယ်။

No comments:

Post a Comment