Sunday, December 1, 2013

အ​မျိုး​သား​ပြန်​လည်​သင့်​မြတ်​ရေး​အ​တွက် ​တ​ရား​ဥ​ပ​ဒေ​စိုး​မိုး​ရန် ​လို​အပ်​ဟု ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ပြော

ခွန်​ဘ​သာ

စစ်​မှန်​တဲ့ ​အ​မျိုး​သား​ပြန်​လည်​သင့်​မြတ်​ရေး​အ​တွက် ​တ​ရား​ဥ​ပ​ဒေ ​စိုး​မိုး​ရေး​ဟာ ​မ​ရှိ​မ​ဖြစ် ​လို​အပ်​နေ​တယ်​လို့ ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​ဥ​က္က​ဋ္ဌ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပြော​ကြား​လိုက်​ပါ​တယ်။

ဒေါ်​အောင်​ဆန်း​စု​ကြည်​ဟာ ၅ ​ရက်​ကြာ ​ဩ​စ​တြေး​လျ​နိုင်​ငံ ​ခ​ရီ​စ​ဉ်​အ​တွင်း ​နို​ဝင်​ဘာ ၃၀ ​ရက်​နေ့​က ​မဲလ်​ဘုန်း​မြို့ ​မွန်​နေး (Monash ​တ​က္က​သိုလ်​မိန့်​ခွန်း​မှာ ​အ​ခု​လို ​ပြော​ကြား​လိုက်​တာ​ပါ။

“​ကျ​မ​တို့ ​နိုင်​ငံ​အ​တွက် ​အ​မျိုး​သား​ပြည်​လည်​သင့်​မြတ်​ရေး​ဟာ ​အ​ရေး​တ​ကြီး ​လို​အပ်​နေ ​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​စစ်​မှန်​တဲ့ ​အ​မျိုး​သား​ပြန်​လည်း​သင့်​မြတ်​ရေး​အ​တွက် ​တ​ရား​ဥ​ပ​ဒေ ​စိုး​မိုး​ရေး​ဟာ ​မ​ရှိ​မ​ဖြစ် ​လို​အပ်​နေ​ပါ​တယ်။ ​စစ်​မှန်​တဲ့ ​တ​ရား​ဥ​ပ​ဒေ​စိုး​မိုး​ရေး ​အ​သီး​အ​ပွင့် ​ခံ​စား ​နိုင်​အောင်​ဆို​ရင်​လည်း ​အ​မျိုး​သား​ပြန်​လည်​သင့်​မြတ်​ရေး​က ​မ​ရှိ​မ​ဖြစ် ​လို​အပ်​နေ​ပါ​တယ်။”

ဒါ့​အ​ပြင် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​မဲလ်​ဘုန်း​မြို့​ရဲ့ ​မွန်​နေး​တ​က္က​သိုလ်​က ​ချီး​မြှင့်​တဲ့ ​ဂုဏ်​ထူး​ဆောင် ​ဥ​ပ​ဒေ​ပါ​ရ​ဂူ​ဘွဲ့​ကို​လည်း ​ကိုယ်​တိုင် ​လက်​ခံ​ရ​ယူ​ခဲ့​ပါ​တယ်။

နို​ဝင်​ဘာ ၂၉ ​ရက်​နေ့​က​လည်း ​ကင်​ဘာ​ရာ​မြို့​ရဲ့ ​ဩ​စ​တြေး​လျ ​အ​မျိုး​သား​တ​က္က​သိုလ်​က ​ချီး​မြှင့်​တဲ့ ​ဂုဏ်​ထူး​ဆောင်​ပါ​ရ​ဂူ​ဘွဲ့​ကို​လည်း ​လက်​ခံ​ရ​ယူ​ခဲ့​ပါ​တယ်။

ဘွဲ့​ချီး​မြှင့်​တဲ့ ​အ​ခမ်း​အ​နား​မှာ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​မိန့်​ခွန်း ​ပြော​ကြား​ပြီး ​မြန်​မာ​နိုင်​ငံ​ဟာ ​ဒီ​မို​က​ရေ​စီ​လမ်း​ကြောင်း​ပေါ်​ကို ​အ​ခု​မှ ​စ​တင်​နေ​တယ်​ဆို​တာ ​နိုင်​ငံ​တ​ကာ​အ​နေ​နဲ့ ​အ​သိ​အ​မှတ်​ပြု​ဖို့ ​လို​ကြောင်း ​ပြော​ပါ​တယ်။

“​ငြိမ်း​ချမ်း​ပြီး ​လုံ​ခြုံ​စိတ်​ချ​ရ​တဲ့ ​နိုင်​ငံ​တော်​တ​ခု ​ဖြစ်​ဖို့ ​ပြည်​သူ​တွေ​က ၁၀ ​စု​နှစ်​များ​စွာ ​အ​ခက်​အ​ခဲ​တွေ​ကြား​က​နေ ​ရုန်း​ကန်​ခဲ့​ကြ​ရ​ပါ​တယ်။ ​အ​ခု​ထိ​လည်း ​လမ်း​အ​ဆုံး​ကို ​မ​ရောက် ​သေး​ပါ​ဘူး​။ ​အ​ခု​မှ ​အ​စ​ပဲ ​ရှိ​ပါ​သေး​တယ်။ ​ဒီ​ထက် ​ကြိုး​စား​ရ​ဦး​မှာ ​ဖြစ်​ပါ​တယ်။ ​ဒီ​မို​က​ရေ​စီ​လမ်း​ပေါ်​ကို ​အ​ခု​မှ ​စ​တင် ​လျှောက်​လှမ်း​နေ​တဲ့ ​မြန်​မာ​နိုင်​ငံ​ဟာ ​နိုင်​ငံ​တ​ကာ​ရဲ့ ​အ​ကူ​အ​ညီ​တွေ​လည်း ​လို​နေ​ပါ​တယ်။ ​မြန်​မာ​နိုင်​ငံ​ဟာ ​ဒီ​မို​က​ရေ​စီ​လမ်း​ပေါ်​ကို ​အ​ခု​လေး​ပဲ ​စ​တင် ​လျှောက်​လှမ်း​နေ​တယ်​ဆို​တာ​ကို​လည်း ​နိုင်​ငံ​တ​ကာ​က ​အ​သိ​အ​မှတ်​ပြု​ဖို့ ​လို​ပါ​တယ်။ ​မြန်​မာ​နိုင်​ငံ​ဟာ ​လမ်း​ဆုံး​ရောက်​နေ​ပြီ​လို့ ​ထင်​နေ​တဲ့​လူ​တွေ​လည်း ​အ​များ​ကြီး ​ရှိ​နေ​ပါ​တယ်။ ​တ​ကယ်​တမ်း​က ​အ​ခု​မှ ​စ​တင်​နေ​တာ​ပါ။ ​ဒါ​ပေ​မယ့် ​ရည်​မှန်း​ထား​တဲ့ ​စည်း​လုံး​ညီ​ညွတ်​ပြီး ​ပျော်​ရွှင်​တဲ့ ​နိုင်​ငံ​တော် ​ဖြစ်​လာ​မယ်​ဆို​တာ ​ယုံ​ကြည်​ပါ​တယ်။”


ဒါ့​အ​ပြင် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ဒီ​မို​က​ရေ​စီ​ခ​ရီး​စ​ဉ်​မှာ ​ဩ​စ​တြေး​လျ​နိုင်​ငံ ​နဲ့ ​အ​တူ​ရှိ​နေ​မယ့်​အ​ကြောင်း​၊ ​ဩ​စ​တြေး​လျ​နိုင်​ငံ​လို ​အေ​ရှ့​နဲ့ ​အ​နောက် ​လှ​ပ​တဲ့ ​မ​တူ​ကွဲ​ပြား​မှု​တွေ​နဲ့ ​ပေါင်း​စည်း​ခြင်း​တွေ​ကို ​စံ​န​မူ​နာ​ယူ​သ​င့်​တဲ့​အ​ကြောင်း​လည်း ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပြော​ပါ​တယ်။

ခ​ရီး​စ​ဉ်​အ​တွင်း​မှာ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ဟာ ​ဩ​စ​တြေး​လျ​ဝန်​ကြီး​ချုပ်၊ ​နိုင်​ငံ​ခြား​ရေး​၀န်​ကြီး​အ​ပါ​အ၀င် ​အ​စိုး​ရ​အ​ဖွဲ့ ​ထိပ်​ပိုင်း​ခေါင်း​ဆောင်​တွေ​နဲ့ ​လွှတ်​တော်​အ​မတ်​တွေ​အ​ပြင် ​မြန်​မာ​မိ​သား​စု​တွေ​နဲ့​လည်း ​တွေ့​ဆုံ​ခဲ့​ပါ​တယ်။

မဲလ်​ဘုန်း​မြို့​မှာ ​ဒီ​ဇင်​ဘာ ၁ ​ရက်​နေ့ ​ပြု​လုပ်​မယ့် ​က​မ္ဘာ့ HIV/AIDS ​ညီ​လာ​ခံ​လည်း ​တက်​ရောက်​ဖို့​ ​ရှိ​နေ​ပါ​တယ်။ ​ဩ​စ​တြေး​လျ​ခ​ရီး​စ​ဉ်​ကို​တော့ ​ဒီ​ဇင်​ဘာ ၂ ​ရက်​နေ့​မှာ ​အ​ဆုံး​သတ်​ပြီး ​မြန်​မာ​နိုင်​ငံ​ကို ​ပြန်​လည်​ရောက်​ရှိ​မှာ ​ဖြစ်​ပါ​တယ်။

No comments:

Post a Comment