Sunday, December 1, 2013

ရိုးမ-ရန်ကုန် မာရသွန်ပွဲ ၀င်ပြိုင်မည့်စာရင်းတွင် နိုင်ငံခြားသားများ အများဆုံးဖြစ်နေ

နန်းမြင့်

ဒုတိယအကြိမ် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်အပြေးပြိုင်ပွဲတွင် လက်ရှိ ၀င်ပြိုင်မည့် စားရင်း ပေးသူများတွင် နိုင်ငံခြားသားများ အများဆုံးဖြစ်နေသည်ဟု စီမံကိန်းမန်နေဂျာ ဒေါ်ခင်စန္ဒာဝင်းက နိုဝင် ဘာ ၂၈ ရက်တွင် ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် First Myanmar Investment Co., Ltd (FMI) တို့ ပူး တွဲကျင်းပသည့် ဒုတိယအကြိမ် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်အပြေးပြိုင်ပွဲကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်တွင် ကျင်းပမည်ဖြစ်သဖြင့် မာရသွန်ပြိုင်ပွဲဝင်ရန် စာရင်းပေးထားသူ နှစ်လအတွင်း လူဦးရေ ၅၀၀ ကျော်ရှိပြီး နိုင်ငံခြားမှ လာရောက်ယှဉ်ပြိုင်မည့်သူ အများဆုံးဖြစ်နေခြင်း ဖြစ်သည်။

စာရင်းပေးသွင်းသူများအနေနှင့် “ဒီဇင်ဘာ ၃၁ နောက်ဆုံးထားပြီး စာရင်းပေးရမယ်။ ပြည်တွင်းကတော့ အနီးကပ်လာမှ စာရင်းပေးလေ့ရှိတယ်။ မြန်မာနိုင်ငံသားတွေ ဘာကြောင့် ပါဝင်မှု အားနည်းရသလဲဆို တော့ ကျန်းမာရေးကြောင့်လည်း ပါတယ်။ နောက် ကျွန်မတို့က အင်တာနက်ဝက်ဘ်ဆိုဒ်တွေက လွှင့် တာဆိုတော့ ဒီကလူတွေ သိတာ နည်းတာပေါ့၊ ဆီးဂိမ်းရှိနေတာလည်း ပါတယ်”ဟု ဒေါ်ခင်စန္ဒာဝင်းက ပြောသည်။

ရိုးမ-ရန်ကုန် ပထမအကြိမ် ကျင်းပခဲ့စဉ်က ပြိုင်ပွဲဝင်သူ တစ်ထောင်ခန့်တွင် နိုင်ငံခြားသားဦးရေပါဝင်မှု များခဲ့ပြီးနောက် ဆုရသွားသူမှာလည်း ကင်ညာနိုင်ငံသားဖြစ်ပြီး ယခု ဒုတိယအကြိမ်တွင်လည်း နိုင်ငံခြားသားဦးရေ ၆၀ ရာခိုင်နှုန်းခန့် ရှိသည့်အတွက် များပြားနေသေးသည်ကို တွေ့ရသည်။

၂၀၁၄ ခုနှစ်အတွက် မာရသွန်ပြိုင်ပွဲတွင် ပြိုင်ပွဲတစ်ခုတွင် အမျိုးသား၊ အမျိုးသမီး နှစ်ဆုပေးသွားမည်ဖြစ်ပြီး ၄၂ ကီလိုမီတာတွင် ပထမဆု အမေရိကန်ဒေါ်လာ ၂၅၀၀၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၁၂၀၀နှင့် တတိယဆု အမေရိကန်ဒေါ်လာ ၈၀၀ တို့ဖြစ်သည်။

No comments:

Post a Comment