Sunday, December 29, 2013

မြန်မာနိုင်ငံဆိုင်ရာမူဝါဒအပေါ် စိတ်ကြီးဝင်နေတာကို လူသိရှင်ကြားချပြလိုက်တဲ့ အိုဘားမားအစိုးရ

မင်းထောင်း

မြန်မာနိုင်ငံအပေါ်ကို ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို အိုဘားမားအစိုးရက ၂၀၁၂ ခုနှစ်မှာ ချွင်း ချက်မရှိ ဖျက်သိမ်းပေးလိုက်ခြင်းဟာ အမေရိကန်နိုင်ငံရဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်းက မြန်မာနိုင်ငံ ဆိုင်ရာမူဝါဒတွေကို ပုံဖော်ပေးရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ရှိနေတဲ့ နှစ်ပါတီစနစ်နဲ့ ကွန်ဂရက် မဟာမိတ်ရဲ့တံခါးကို အလိုအလျောက်ဆိုသလို ပွင့်သွားစေခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့ လျင်လျင်မြန် မြန်နဲ့ကြုံသလို ချမှတ်ခဲ့တဲ့ “မြန်မာ့စစ်အာဏာ ရှင်ဟောင်းတွေနဲ့ ဆက်ဆံရေးတိုးမြှင့်တဲ့” မူဝါဒသစ်ကို ကြောင်းကျိုးဆီလျော်မှုရှိမရှိ ပြန်လည်ဆန်းစစ်ဖို့အတွက် ကွန်ဂရက်က တောင်းဆိုခဲ့တာကိုလည်း ထပ်ခါ ထပ်ခါ ဥပက္ခာပြုခဲ့တာကို မြင်တွေ့ခဲ့ရပြီးပါပြီ။

ဒါပေမဲ့ ဒီဇင်ဘာ ၄ ရက်မှာတော့ အိုဘားမားအစိုးရဟာ မိမိတို့အစိုးရရဲ့ ထိတွေ့ဆက်ဆံရေးမူဝါဒဟာ မြန်မာနိုင်ငံအတွင်းက ပြုပြင်ပြောင်းလဲရေးကို ဘယ်လို အထောက်အကူပြုမလဲဆိုတာကို အောက်လွှတ် တော် နိုင်ငံခြားရေးကော်မတီရဲ့ အာရှပစိဖိတ်ကော်မတီခွဲ ရှေ့မှောက်မှာတင်ပြဖို့ သဘောတူခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ်မှာ စစ်ပွဲတွေ ဆက်လက်ဆင်နွှဲနေတာနဲ့ လူ့အ ခွင့်အရေး ချိုးဖောက်တာတွေ ရှိနေပေမယ့်လည်း မြန်မာအစိုးရဟာ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို ကူး ပြောင်းနေတယ်ဆိုတဲ့ မှားယွင်းပြီး စိတ်ကြီးဝင်နေတဲ့ ဇာတ်ကြောင်းကို ပုံစံသစ်နဲ့တင်ပြခဲ့ပါတယ်။

ယင်းတင်ပြချက်ဟာ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် စိုးရိမ်တာတွေကိုကျော် လွှားဖို့အတွက် အရေးပါတဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒ အောင်မြင်တယ်ဆိုတာကို ပြသဖို့အ တွက်ပဲဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် မြန်မာနိုင်ငံအတွင်းမှာ မဟာဗျူဟာအရ ဘဏ္ဍာရေးအရ ခြေကုပ်ယူ နိုင်ဖို့အတွက် တားမြစ်ခဲ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ရဲ့ လာဘ်စားမှုအရှိဆုံးနဲ့ လူ့အခွင့်အရေး အချိုးဖောက်ဆုံး နိုင်ငံတွေထဲမှာ ပါဝင် နေတာကြောင့် အိုဘားမားအစိုးရရဲ့ တင် ပြချက်ကို ကာကွယ်ဖို့ အတွက် မြန်မာ နိုင်ငံရဲ့ စနစ်ပိုင်းဆိုင်ရာ စိန်ခေါ်ချက်တွေ အပေါ်မှာ လက်တွေ့ကျကျ ချဉ်းကပ်တာတွေ မပြုလုပ်ဖို့လိုပါတယ်။ အဲဒီလို စိန်ခေါ်ချက်တွေထဲမှာ အမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ဖိနှိပ်ချုပ်ချယ်မှုမ ကင်းတဲ့ ဖွဲ့စည်းပုံကိစ္စ၊ လူအုပ်စုတွေအပေါ်မှာ စစ်တပ်ကကျူးလွန်နေတဲ့ ရက်စက်တဲ့ရာ ဇ၀တ်မှုတွေနဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေး ကိစ္စတွေလည်းပါဝင်ပါတယ်။

တကယ်တမ်းမှာလည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲ ရေးကို မြှင့်တင်ပေးဖို့အတွက် အိုးဘားမား အစိုးရအနေနဲ့ ဘယ်လိုစီစဉ်ထားသလဲဆိုတာကို မေးမြန်းခံရ တဲ့အခါမှာ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအစိုးရအကြံပေး Judith Cefkin က နိုင်ငံတကာရဲ့ ဖိအားတွေ ကြောင့် ၂၀၁၃ ခုနှစ် နွေရာသီမှာ စတင်ဖွဲ့စည်းခဲ့တဲ့ မြန်မာ့လွှတ်တော်ဆိုင်ရာ ဖွဲ့စည်းပုံသုံးသပ်ရေးကော် မတီမှာ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ စွမ်းရည်ရှိနေပြီလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့ အခန်းကဏ္ဍမှာ ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ဖို့ကို သေချာစေမယ့် အမေရိကန်အကူအညီ တွေကို မြှင့်တင်ခြင်းထက် မြန်မာအစိုးရကို “နည်းပညာပိုင်းအကူအညီ” ပေးအပ်ဖို့အပိုင်းမှာ ပိုပြီးအကန့် အသတ်ရှိလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။


ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲဖို့အတွက် နည်းပညာအကူအညီတွေ ပေးအပ်ခြင်းအပေါ်မှာသာ အိုဘားမားအ စိုးရက မှီခိုနေခြင်းဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ ဘယ်လိုသွားနေလဲဆိုတာကို သတိမူလို စိတ်မရှိဘူးဆိုတာကို ပြသလိုက်ခြင်းပါ။ ဖွဲ့စည်းပုံသုံးသပ်ရေးကော်မတီမှာ ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ အ ခွင့်အာဏာ မရှိပါဘူး။ ပိုပြီးတော့ အရေးကြီးတာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ရေးဆွဲခဲ့တဲ့ စစ်အာဏာရှင် စနစ်ဟာ “ဒီမိုကရေစီ အသွင်ကူးပြောင်းရေး” စတင်ဆောင်ရွက်ခဲ့တဲ့ ၂၀၁၁ ခုနှစ် မတိုင်မီကတည်းကပါ လီမန်အမတ်နေရာရဲ့ ၂၅ ရာခိုင်နှုန်းကို တပ်မတော်အတွက် ချန်ထားခဲ့ပြီးသားပါ။ ဖွဲ့စည်းပုံဆိုင်ရာဥပဒေ တွေကို ပြင်ဆင်မယ်ဆိုရင်လည်း ပါလီမန်မအမတ် ၇၅ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှုကို ရယူရမယ်ဆို တာလည်း ထည့်သွင်းထားပြီးသားပါ။ စစ်တပ်နဲ့စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ခိုင်ဖြိုး ပါတီဟာ လောလောဆယ်မှာ ပါလီမန်အမတ် နေရာရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ထိန်း ချုပ်ထားတဲ့အတွက် ဖွဲ့စည်းပုံကို သိသိသာသာ ပြုပြင်ပြောင်းလဲဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလို့ ရှုမြင်ရပါမယ်။

မြန်မာ့စစ်တပ်နဲ့ စစ်ရေးအရ မဟာ ဗျူဟာမြောက်တဲ့ ဆက်ဆံမှုတွေကို အကဲဖြတ်တဲ့အခါမှာလည်း အို ဘားမားအစိုးရအနေနဲ့ လက်တွေ့ကျကျ ထပ်မံဆန်းစစ်ဖို့ လိုပါတယ်။ အမေရိကန် ကာကွယ်ရေးဌာနရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Vikram Singh ဟာလည်း မြန်မာအစိုးရရဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်လက်ပတ်သက်နေတာတွေ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို လစ်လျူရှုပြီး ၎င်းကိုမွန်းမံသင် တန်းတွေ အကူအညီတွေကမ်းလှမ်းဖို့ အိုဘားမားအစိုးရက ရည်ရွယ်နေတာကို တင်ပြခဲ့ရာမှာ ပါတီနှစ်ရပ် စလုံးရဲ့ ဆန့်ကျင်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ နယူးယောက်ပြည်နယ်ရဲ့ ဒီမိုက

ရက်တစ်အမတ် Joe Crowley က “မြန်မာစစ်တပ်ကို လူသတ်တာတွေ၊ အဓမ်္မကျင့်တာတွေနဲ့ နိုင်ငံသားတွေရဲ့ မြေယာတွေကို ခိုးယူတာ တွေ ရပ်တန့်ဖို့ အတွက် မွန်းမံသင်တန်းပေးဖို့ လိုမယ်လို့ ကျွန်တော်မထင်ပါဘူး” ဟု ခပ်ရွှဲ့ရွှဲ့ ပြောခဲ့ပါတယ်။

ဒါ့အပြင် Singh က “မြန်မာ့တပ်မတော်နဲ့ ထိတွေ့ဆက်ဆံပြီး တပ်မတော် ခေတ်မီရေးနဲ့ အသွင်ကူး ပြောင်းရေးကို တပ်မတော်ဘာသာ လုပ်နိုင်ဖို့အတွက် အကူအညီပေးဖို့”” အမေရိကန်အစိုးရကို လူနည်းစု တိုင်းရင်းသားအဖွဲ့တွေက တောင်းဆိုထားတယ်လို့ လိမ်လည် တင်ပြခဲ့ပါတယ်။ တကယ်တမ်းမှာတော့ တိုင်းရင်းသားလူနည်းစု အဖွဲ့တွေကနေ သမ်္မတအိုးဘားမားထံကို ၂၀၁၃ ခုနှစ် အောက်တိုဘာလကပေး လိုက်တဲ့ စာထဲမှာ မြန်မာစစ်တပ်ဟာ အမေရိကန် နဲ့ ထိတွေ့ဆက်ဆံရေးကို တရားဝင်ဖြစ်တဲ့ လက်မှတ် တစ်ခုအဖြစ် အသုံးချပြီး PR စနစ် ပေါ်ပေါက်လာစေမယ့် လှုပ်ရှားမှုရဲ့ ထောက်တိုင်အဖြစ် အသုံးပြု လိမ့် မယ်လို့ သတိပေးထားပါတယ်။ ရှောင် လွှဲလို့မရတဲ့ ခြိမ်းခြောက်မှုတွေအောက် က တိုင်းရင်းသား လူနည်း စုတွေဟာ အမေရိကန်အစိုးရကို မြန်မာစစ်တပ် အရာရှိတွေကို သင်တန်းတက်ခွင့်မပေးခင်မှာ တိုက်ခိုက်မှုတွေအားလုံးကို ရပ်တန့်ဖို့ လိုအပ်တယ်ဆိုတဲ့ ချွင်းချက်တွေလို ချွင်းချက်တွေရဲ့အောက်မှာ စစ်ရေးအရအ ကူအညီပေးဖို့ကိုပဲ မျှော်လင့်ခဲ့ကြတာပါ။ Singh ဟာ အခုလိုအရေးကြီးတဲ့ အချက်ကို ချန်ထားခဲ့ပါတယ်။

ချွင်းချက်မရှိတဲ့ ထိတွေ့ဆက်ဆံမှု ဟာ ပြုပြင်ပြောင်းလဲရေးကို ဘယ်လိုမျိုး အထောက်အကူ ပြုစေမလဲ ဆိုတာကို ရှင်းပြဖို့ မေးမြန်းခံရတဲ့အခါမှာလည်း Cefkin ဟာ ကြံရာမရတဲ့အဆုံးမှာ သုံးနေကျ လက်သုံးစ ကားဖြစ်တဲ့ ““ကျွန် တော်တို့အနေနဲ့ အောင်မြင်လိမ့်မယ်လို့ သေချာပေါက် မပြောနိုင်ပါဘူး။ ဒါပေမဲ့ မကြိုး စားဘဲနေရင်တော့ အောင်မြင်လာ မှာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ သေချာသိတာပေါ့” လို့ပြော လိုက်ပါတယ်။ ချွင်းချက်မရှိ ထိတွေ့ဆက်ဆံခြင်း ကကလေးစစ်သားတွေ အသုံးပြုခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ဘယ်လိုမျိုး အဆုံးသတ်ပေးနိုင်မလဲဆိုတဲ့ ရီပတ်ပလစ်ကန်အမတ် Trent Franks ရဲ့ မေးခွန်းကိုလည်း Cefkin နဲ့ Singh တို့နှစ်ဦးစလုံးဟာ တိတိပပဖြေဆိုနိုင်ခဲ့ခြင်းမရှိပါဘူး။

ဒါကြောင့် လွှတ်တော်ကော်မတီ ရှေ့မှောက်မှာတင်ပြတဲ့ အိုဘားမားအစိုးရရဲ့ အစီရင်ခံစာဟာ ၎င်းရဲ့မြန် မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒအပေါ် မြန်မာနိုင်ငံသားတွေသာမက အမေရိကန်နိုင်ငံရေး နယ်ပယ်အ သီးသီးက ဥပဒေပြုအမတ်တွေကပါ အထင်မြင်သေးတာတွေ စိတ်ပါဝင်စားမှုမရှိတာတွေကို ဘယ်လိုမျိုး တိုးမြှင့်ကြုံတွေ့နေရတယ်ဆိုတာကို ပြသလိုက်ခြင်းတစ်ခုသာဖြစ်ပါတယ်။

ဤဆောင်းပါးမှာ foreignpolicy-journal.com တွင် ဖော်ပြထားသော Rachel Wagley ၏ “Obama Administration Goes Public on Patronizing Burma Policy” အားဆီလျော်သလို ထုတ်နုတ်ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

No comments:

Post a Comment