Thursday, December 26, 2013

ဗြိတိန်စစ်တပ် မြန်မာကို သင်တန်းပေးမည်

ABC

ဗြိတိန်စစ်တပ်ကနေ ​မြန်မာ့ ​တပ်မတော်နဲ့ ​အစိုးရ ​အဆင့်မြင့် ​အရာရှိ ​၃၀ ​ကို ​လာမယ့် ​ရက်ပိုင်းအတွင်းမှာ ​ရက်တို ​စစ်ရေးဆိုင်ရာ ​သင်တန်း ​တခုပေးသွားဖို့ ​ရှိတယ်လို့ ​ဗြိတိန် ​ကာကွယ်ရေးဝန်ကြီးဌာနက ​ထုတ်ပြန်လိုက်ပါတယ်။

၂ ​ပတ်ကြာ ​ပို့ချသွားမယ့် ​ဒီသင်တန်းဟာ ​တိုက်ခိုက်ရေး ​သင်တန်း ​မဟုတ်ပဲ ​လူအခွင့်အရေးဆိုင်ရာ၊ ​လူသားချင်း ​စာနာမှုဆိုင်ရာတွေအပြင် ​တာဝန်သိတတ်မှုစတာတွေကို ​ပို့ချသွားမယ့် ​ပညာပေးရေး ​ဆိုင်ရာတွေဖြစ်တယ်လို့ ​ဗြိတိန် ​စစ်ဖက်က ​ပြောပါတယ်။

ဒီသင်တန်းကို ​ပိုမိုကျယ်ပြန့်တဲ့ ​လုံခြုံရေးဆိုင်ရာ ​ကာကွယ်ရေး ​စီမံမှု ​ဆိုတဲ့ ​အမည်ပေးထားပြီး ​ဗြိတိန်တက္ကသိုလ် ​တခုဖြစ်တဲ့ ​Cranfield ​တက္ကသိုလ်က ​ကူညီပို့ချသွားမယ်လို့ ​ဆိုပါတယ်။

တပ်မတော်ဟာ ​မြန်မာ့ ​နိုင်ငံရေး ​အင်အားစုတွေရဲ့ ​သော့ချက် ​တခုဖြစ်တာကြောင့် ​မြန်မာ့ ​ဒီမိုကရေစီ ​အသွင် ​ကူးပြောင်းရေးမှာ ​တပ်မတော်က ​ပါဝင်ကူညီလာအောင် ​ရည်ရွယ်မျှော်မှန်းတဲ့ ​အတွက် ​အခုလို ​ပညာပေးရေးတွေ ​လုပ်ဆောင်တာ ​ဖြစ်တယ်လို့ ​ဗြိတိန်ကာကွယ်ရေး ​၀န်ကြီး ​Mark ​Francois ​က ​ပြောကြားလိုက်ပါတယ်။

မြန်မာ့ ​ဒီမိုကရေစီ ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်က ​ဗြိတိန်နိုင်ငံ ​Sandhurst ​စစ်တက္ကသိုလ်ကို ​ရောက်ရှိစဉ်မှာ ​ဗြိတိန် ​အစိုးရကို ​တောင်းဆိုခဲ့တာကြောင့် ​အခုလို ​အစီအစဉ် ​အကောင်အထည် ​ပေါ်လာတာ ​ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံလိုပဲ ​အမေရိကန်ကလည်း ​မြန်မာ ​စစ်တပ်ကို ​တရားဝင် ​စစ်သင်တန်းတွေ ​ပို့ချပေးခဲ့ဖူးပါတယ်။

No comments:

Post a Comment