Wednesday, December 25, 2013

INGO တွေထွက်ခွာကြဖို့ ရခိုင်ဒေသခံတွေ တောင်းဆို

ABC

ရခိုင်ပြည်နယ် ​မြောက်ဦးမြို့နယ်မှာရှိတဲ့ ​နိုင်ငံတကာအန်ဂျီအိုအဖွဲ့အစည်းတွေ ​ထွက်ခွာပေးဖို့ ​ဒေသခံပြည်သူ ​တွေက ​တောင်းဆိုလိုက်တယ်လို့ ​သိရပါတယ်။

ရခိုင်ဒေသခံတွေအနေနဲ့ ​မြောက်ဦးမြို့မှာရှိတဲ့ ​နိုင်ငံတကာ ​အန်ဂျီအိုအဖွဲ့အစည်းတွေရဲ့ ​လှုပ်ရှားဆောင်ရွက်မှု ​တွေနဲ့ပတ်သက်ပြီး ​ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် ​မြောက်ဦးမြို့ကနေ ​ထွက်ခွာပေးဖို့ ​အခုလိုတောင်း ​ဆိုရ ​တာဖြစ်တယ်လို့ ​မြောက်ဦးမြို့လူမှုကွန်ယက်အဖွဲ့က ​ဦးထွန်းနေ၀င်းက ​အခုလိုပြောပါတယ်။

“ဒီ ​INGO ​နဲ့ ​ပတ်သက်ပြီးတော့ ​ကျနော်တို့ ​မြောက်ဦးမြို့က ​အချက် ​၉ချက်တောင်းဆိုတယ်၊ ​အဲဒီထဲမှာ ​ကျနော်တို့ ​ကော်မတီတွေက ​INGO ​နဲ့ ​ပေါင်းစည်းပြီးတော့ ​လုပ်ဖို့အတွက်ကို ​ကျနော်တို့ ​request ​လုပ်တယ်၊ ​ပွင့်လင်းမြင်သာမှုရှိဖို့အတွက် ​အကူအညီသွားပေးမဲ့နေရာတွေကို ​ဒီကကော်မတီက ​ကိုယ့်စရိတ်နဲ့ ​ကိုယ် ​လုပ်ပေးပါမယ်၊ ​သူတို့ဘယ်နေရာသွားတယ်၊ ​ဘာလုပ်တယ်ဆိုတာ ​ကျနော်တို့ ​ပွင့်ပွင့်လင်းလင်း ​သိစေချင်တယ်၊ ​ဒါကျနော်တို့ ​လက်ရှိအခြေအနေမှာ ​အမျိုးသားရေးကိစ္စဖြစ်နေတယ်၊ ​တချို့ဟာတွေ ​ပြည်သူလူထုအနေနဲ့ ​ယုံကြည်စိတ်ချရမှု ​မရှိတာတွေရှိတယ်၊ ​အဲဒါကို ​ကျနော်တို့ ​အပြန်အလှန်နားလည်မှုယူမယ်ဆိုတာကိုလည်း ​ကျနော်တို့ ​ပွင့်ပွင့်လင်းလင်းပြောသေးတယ်၊ ​ဒါပေမဲ့ ​သူတို့လက်မခံပါဘူး၊ ​အဲဒီအတွက် ​ကျနော်တို့ဒီမြောက်ဦးမြို့ ​ကနေထွက်ခွာဖို့ ​ကျနော်တို့တောင်းဆိုထားပါတယ်။” 

မြောက်ဦးမြို့ ​ဒေသခံတွေက ​ဒီဇင်ဘာ ​၂၂ရက်နေ့က ​ပြုလုပ်တဲ့အစည်းအဝေးမှာ ​နိုင်ငံတကာ ​အန်ဂျီအို ​အဖွဲ့အစည်းတွေဌားရမ်းနေထိုင်နေတဲ့ ​ဟိုတယ်နဲ့တည်းခိုခန်းပိုင်ရှင်တွေကိုခေါ်ယူပြီး ​ဌားရမ်းခြင်းမပြုလုပ်ဖို့ ​ဆွေးနွေးခဲ့တယ်လို့ ​ပြောပါတယ်။

ပြီးခဲ့တဲ့ ​ဒီဇင်ဘာ၁၂ရက်နေ့ကတည်းက ​မြောက်ဦးမြို့နယ်ထဲက ​နိုင်ငံတကာ ​NGO ​အဖွဲ့အစည်းတွေ ​အနေနဲ့ ​ဒီဇင်ဘာ ​၂၀ရက်နေ့ ​နောက်ဆုံးထားပြီးထွက်ခွာပေးဖို့ ​ဒေသခံတွေက ​ကြေညာချက် ​ထုတ်ပြန်ပြီး ​တောင်းဆိုထားပေမယ့် ​INGO ​တွေက ​အခုချိန်ထိထွက်ခွာတာမရှိသေးတဲ့အတွက် ​ဒီဇင်ဘာ ​၂၄ရက်နေ့ ​နောက်ဆုံးထားပြီး ​ထွက်ခွာပေးဖို့ ​ဒေသခံတွေက ​တောင်းဆို ​နေတာဖြစ်ပါတယ်။

သတ်မှတ်ရက်မှာ ​ထွက်မသွားဘူးဆိုရင်တော့ ​ဒေသခံတွေက ​ဆန္ဒပြကန့်ကွက်မှုတွေလုပ်သွားမယ်လို့ ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်မှာ ​သန်ခေါင်စာရင်းကောက်ယူဖို့ ​လုံခြုံရေးပါ ​ချမှတ်ပေးမယ်



ရခိုင်ပြည်နယ်မှာ ​သန်ခေါင်စာရင်းကောက်ယူဖို့အတွက် ​လိုအပ်တဲ့ကဏ္ဍတွေမှာ ​ဖြည့်ဆည်းဖို့ ​ရခိုင်ပြည်နယ်အစိုးရကအဖွဲ့က ​ပြင်ဆင်နေပြီး ​လုံခြုံရေးတွေလည်း ​ချမှတ်ပေးမယ်လို့ ​သိရပါတယ်။

သန်းခေါင်စာရင်းကောက်ယူမယ့် ​ဝန်ထမ်းတွေကို ​သင်တန်းပို့ချတာတွေ၊ ​သန်းခေါင်းစာရင်း ​ကောက်ယူရမယ့် ​ ကောက်ကွက်မြေပုံရေးဆွဲတဲ့ ​အသိပညာပေးရေးတွေ ​လုပ်ဆောင်နေပြီး ​ လိုအပ်တဲ့ ​လုံခြုံရေးတွေလည်း ​ချမှတ်ပေးဖို့ရှိတယ်လို ​ရခိုင်ပြည်နယ်အုပ်ချုပ်ရေးမှူး ​ဦးမင်းချစ်ဦး ​ကပြောပါတယ်။

၂၀၁၃ ​ခုနှစ် ​နှစ်ဆန်းပိုင်းတုန်းက ​ရခိုင်ပြည်နယ်စစ်တွေမြို့၊ ​နာရီကန်ကျေးရွာ ​ဒုက္ခသည်စခန်းမှာရှေ့ပြေး ​သန်းခေါင်စာရင်း ​ကောက်ခံမှုတွေပြုလုပ်ခဲ့ပေမဲ့ ​ဘင်္ဂါလီလူမျိုးတွေက ​ရိုဟင်ဂျာဆိုတာထည့်ပေးဖို့ ​ပြောဆိုရာကနေ ​စာရင်းကောက်သူတွေနဲ့ ​ဘင်္ဂါလီ ​ရိုဟင်ဂျာတွေအကြား ​အငြင်းပွားပြီး ​ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့အတွက် ​လုံခြုံရေးပါ ​ချပေးဖို့ ​စီစဉ်နေတာ ​ဖြစ်ပါတယ်။

အဲဒီလိုဖြစ်ရပ်တွေရှိခဲ့တာကြောင့် ​ရခိုင်ပြည်နယ်သန်းခေါင်စာရင်းကော်မတီကတင်ပြပြောဆိုခဲ့တာမှာ ​ပြည်နယ်အုပ်ချုပ်ရေးမှူးက ​သန်ခေါင်စာရင်း ​ကော်မတီမှာ ​ပြည်နယ်ရဲတပ်ဖွဲ့တွေ ​ပါဝင်ပေမဲ့လိုအပ်ရင်လုံခြုံရေးတွေဆောင်ရွက်ပေးသွားမယ်လို့ ​ပြောပါတယ်။

ရခိုင်ပြည်နယ် ​ဒုက္ခသည် ​စခန်းအတွင်း ​သန်းခေါင်စာရင်း ​ကောက်ယူတဲ့အခါ ​ကြိုတင် ​အကြောင်းကြားမှုတွေ ​လုပ်ရမယ်လို့လည်း ​ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ခံရေးအဖွဲ့က ​ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ​သန်းခေါင်စာရင်း ​ကောက်ကွက်က ​၅၀၀၀ ​နီးပါးရှိကြောင်းလည်း ​သိရပါတယ်။ ​ပြည်လုံးကျွတ်သန်ခေါင်စာရင်းကို ​၂၀၁၄ ​ခုနှစ်မတ်လ(၃၀) ​ရက်ကနေ ​ဧပြီလ(၁၀) ​ရက်နေ့အထိစာရင်းကောက်ယူမှာဖြစ်ပြီး ​သန်းခေါင်စာရင်းကောက်ယူဖို့အတွက် ​ကုလသမဂ္ဂက ​ကူညီထောက်ပံ့မှုတွေ ​လုပ်ပေးတဲ့အကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

No comments:

Post a Comment