Tuesday, January 28, 2014

သယံဇာတ တူးဖော်ရာတွင် ပွင့်လင်း မြင်သာမှု အတွက် ပြည်နယ် အဆင့် စောင့်ကြည့်ရေး အဖွဲ့ဖွဲ့စည်း

ရွှေဟင်္သာ

မွန်ပြည်နယ် အတွင်း သဘာဝ သယံဇာ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်း များကို ပွင့်လင်း မြင်သာမှု ရှိရန် ပြည်နယ် အ ဆင့် စောင့်ကြည့်ရေးအဖွဲ့ကို မြန်မာနိုင်ငံ သဘာဝ သယံဇာတ တူးဖော် ထုတ်လုပ်ရေး လုပ်ငန်းများပွင့်လင်း မြင် သာ မှု ဖော်ဆောင်ရေး အဖွဲ့ (MEITI) မှ မော်လမြိုင် မြို့၊ ရွှေမြင့်မိုရ် ထွန်းဟိုတယ် ၌ နှစ် ရက်တာ ဆွေးနွး ပြီးနောက် ယနေ့ အတည်ပြု ဖွဲ့စည်း ခဲ့ပါသည်။

“သဘာဝ သယံဇာ တူးဖော် ထုတ်လုပ်ရေး လုပ်ငန်း များကို ပွင့်လင်း မြင်သာမှု ရှိစွာ တူးဖော် ထုတ်လုပ် ရေး၌ စောင့် ကြည့်မယ့် လုပ်ငန်း စဉ်က ရေရှည် လုပ်ရ မယ့် လုပ်ငန်းပါ၊ သဘာဝ သယံဇာတ တွေကို တူးဖော် ထုတ်လုပ် နေသရွေ့ကျနော်တို့ စောင့်ကြည့် သွားရမယ့် လုပ်ငန်းပါ” ဟု MEITI မွန်ပြည် နယ်ဖြစ်မြောက်ေ ရးကော်မီတီ ဥက္ကဋ္ဌ နိုင်စိန် တီမှ ပြောကြား ခဲ့ပါသည်။

ယင်း ဖွင့်ပွဲ ဆွေးနွေး ပွဲသို့ မွန်ပြည်နယ် မြို့နယ် (၉) ခုမှ အသင်း အဖွဲ့ပေါင်း (၂၀) ကျော် တက်ရောက် ခဲ့ပြီး ကိုယ်စား လှယ်ပေါင်း (၁၂၀) ကျော် တက်ရောက် ခဲ့ကြသည်။ မြို့နယ် (၉) ခုအား ကိုယ်စားပြု သည့်ကိုယ်စား လှယ်များ တက်ရောက် ခဲ့ကြပြီး တက်ရောက် နိုင်ခဲ့ခြင်း မရှိသည့် သ ထုံ မြို့နယ်မှ ကိုယ်စားလှယ် အတွက်မူ နောက်လာမည့် ကော်မီတီ အစည်း အဝေး ၌ အလုပ် အမှုဆောင် များ ဆုံးဖြတ် ချက်ဖြင့်ထပ်မံ ဖြည့်သွင်း သွားမည် ဖြစ်သည်။

ပြည်နယ် အဆင့် ဒေသ လုပ်ငန်း ဖော်ဆောင် မှုအလုပ်အမှု ဆောင် အဖွဲ့ဝင် (၂၅) ဦးကို ဇန်နဝါရီ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့ နှစ်ရက် တာ ပြုလုပ် သည့်အလုပ် ရုံ ဆွေးနွေးပွဲ ပြီးနောက် ရွေးချယ် နိုင်ခဲ့ကာ ထိုထဲမှ တနိုင်ငံလုံးကို ကိုယ်စား ပြုသည့် EITI အဖွဲ့ ဖြစ်သည့်မြန်မာ့ပွင့်လင်း မြင်သာမှု မဟာမိတ်အဖွဲ့ (Myanmar Collation for Transparency) ထံသို့ ပြည်နယ် ကိုယ်စားပြု ကိုယ်စားလှယ် (၅) ဦး ထည့်ဝင် ရမည် ဖြစ်သည်။

ယခု ဖွဲ့စည်း လိုက်သည့် ပြည်နယ်အဆင့် EITI အဖွဲ့၏ အဓိက လုပ်ငန်း အနေဖြင့် စီးပွားရေး ရင်းနှီးမြုပ်နှံမှု စီမံကိန်း များအား သဘာဝ ပတ်ဝန်းကျင် ဆိုင် ရာ လေ့ လာ ဆန်းစစ်ချက် (EIA), လူမှု အကျိုး စီးပွားများဆိုင်ရာ သက်ရောက်မှု လေ့လာ ဆန်းစစ်ချက် (SIA), ကျန်းမာရေး အကျိုး သက်ရောက်မှု ဆိုင်ရာ လေ့ လာ ဆန်းစစ်ချက် (HIA) များကို ရှာဖွေ ဖော်ထုတ် ရမည် ဖြစ်သည်။

“ကျနော်တို့ နိုင်ငံ အစိုးရက လည်း နိုင်ငံတကာ EITI အဖွဲ့ဝင် နိုင်ငံ အဖြစ် ဝင်ရောက်ဖို့ ဆန္ဒ ရှိနေတယ်၊ အခုလို ကျ နော်တို့ အရပ်ဖက် လူ့အဖွဲ့ အစည်းတွေ စုပေါင်းပြီး EITI အဖွဲ့ကို ဖွဲ့စည်း နိုင်ခြင်းက လည်း တစ်ဖက်က အစိုးရရဲ့လုပ်ငန်းစဉ် တွေကို ကူညီရာ ရောက်သလို တစ်ဖက် ကလည်း စီမံကိန်း တွေရဲ့ ပွင့် လင်း မြင်သာမှု ရှိမရှိကို ဆန်းစစ် နိုင်တဲ့ အနေ အထား ရှိတယ်” ဟု နိုင်ငံလုံး ကိုယ်စားပြု ကိုယ်စားလှယ် (ယာယီ) အတွက် မွန်ပြည်မှ ကိုယ်စားပြု ရွေးချယ် ခံရသူ ရာမည ငြိမ်းချမ်းရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ မင်းအောင်ဇေမှ ပြောသည်။

ထိုလေ့လာ တွေ့ရှိချက် များကို အခြေခံ၍သယံဇာတာ တူးဖော်ရေး လုပ်ငန်းစဉ်များ ပွင့်လင်း မြင်သာမှု ရှိမရှိ တိုင်း တာ စစ်ဆေးပြီး အစိုးရနှင့်သုံးပွင့်ဆိုင် ညွန့်ပေါင်း အဖွဲ့ (Multi Stake Holder Group) အဖွဲ့မှ ဗဟို အစိုးရ ထံသို့ တင်ပြ အရေးဆို သွားမည် ဖြစ်သည်။

ပြည်နယ် အဆင့်၌ ၄င်းအဖွဲ့အားမြန်မာ နိုင်ငံ သဘာဝ သယံဇာတ တူးဖော် ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်း မြင် သာ မှု ဖော်ဆောင်ရေး အဖွဲ့ (Myanmar Extractive Industries Transparency Initiative MEITI) ဟု ခေါ်ဝေါ် သုံးစွဲမည် ဖြစ်ကာနိုင်ငံလုံး အဆင့် ၌မူမြန်မာ့ပွင့်လင်း မြင်သာမှု မဟာမိတ်အဖွဲ့ (Myanmar Collation for Transparency) ဟု ခေါ်ဝေါ်မည် ဖြစ်သည်။

နိုင်ငံလုံးဆိုင်ရာ အဆင့်၌ ရုံးချုပ်ကို အထက် မြန်မာပြည် အတွက် မန္တလေး မြို့၌ ထားရှိမည် ဖြစ်ပြီး အောက်မြန် မာ ပြည်အတွက် ရန်ကုန်မြို့၌ ထားရှိမည် သည်။ တိုင်းနှင့်ပြည်နယ် (၁၄) ခု စလုံး၌ ဖွဲ့စည်းရန် ရှိသော်လည်း လက်ရှိ တွင် ကရင်၊ ပဲခူး၊ စစ်ကိုင်း၊ ရန်ကုန်တိုင်း တို့၌ဖွဲ့စည်း ရန် ကျန်ရှိ နေသေးသည်ဟု ဆိုပါ သည်။

စစ်ကိုင်း တိုင်းကို လာမည့် ဇန်နဝါရီလ ၃၀ နှင့်၃၁ ရက်နေ့ များတွင်၎င်း၊ ရန်ကုန်တိုင်း၌ လာမည့် ဖေဖော်ဝါရီ (၂) ရက် နေ့ တွင်၎င်း၊ ကရင်ပြည် နယ်အား လာမည့် ဖေဖော် ဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့ များတွင်၎င်း အသီးသီး ဖွဲ့စည်းသွား မည် ဖြစ်ပြီး ပဲခူးတိုင်း ကိုမူ ရက်ချိန်း မရှိသေး ကြောင်းသိရသည်။

ဤကဲ့သို့ သယံဇာတ တူးဖေါ်ရေးတွင် တရားမျှတမှု ရှိစေရန် လူမှုအဖွဲ့အစည်းမှကြိုးစားနေသော်လည်း အစိုးရ၏အခန်းကဏ္ဍ သည် ယနေ့အထိ ပီပြင်မှု မရှိသေးပေ။ ဥပမာ အားဖြင့် မွန်ုပြည်နယ် ရေပြင်မှ သဘာဝ ဓါတ်ငွေ့ တူးဖေါ် နေမှုကို လက်ရှိဖွဲ့ စည်း ထားသည့် ပြည်နယ် အဆင့် MEITI အဖွဲ့ များက သွားရောက် စစ်ဆေး နိုင်ရန် အစိုးရ ခွင့်ပြု ပါ့မလား ဟူသည့် မေးခွန်းမျိုး မေးစရာ ရှိလာသလို လက်တွေ့ ကျင့်သုံးမှုတွင် ရံပုံငွေ ရရှိရေး သည်လည်း အရေးကြီး မည် ဖြစ်သည်။

ဤကိစ္စ ဖြစ်မြောက်ရေး အတွက် (NGO) အကူ အညီ ဖြင့် မပြည့်စုံ သလို အစိုးရမှ တကယ်ပါဝင် ဆောင်ရွက်ရန် အ ရေး ကြီး လှသဖြင့် လက်တွေ့ ဖြစ် ထွန်း မှုများကို စောင့်ကြည့်ရန် သာ ရှိပါသည်။

No comments:

Post a Comment