ABC
မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာခဲ့ပြီး နောက်တရက် အင်္ဂါနေ့ မှာပဲ နိုင်ငံရေး အကျဉ်းသား တချို့ လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
အရေအတွက် အတိအကျ ပြောဖို့ ခက်ခဲ နေသေးကြောင်း ဒါပေမယ့် ကော်မတီက တင်ပြတဲ့ စာရင်းအရ ၅ ဦးသာ လွတ်မြောက်လာတာ ဖြစ်ပြီး ကျန် သူတွေ ကတော့ သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့တာဖြစ်ကြောင်း ကိုဘိုကြည်က ကျိုဒိုးသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
၂၀၁၃ အကုန်မှာ နိုင်ငံရေး အကျဉ်းသားများအကုန် လွှတ်ပေးမယ်လို့ မြန်မာ သမ္မတက ကတိပေးထားတဲ့ အတိုင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ မရှိတော့ဘူးလို့ မြန်မာသမ္မတရဲ့ ပြောခွင့်ရသူ ဦးရဲထုဋ်က သူ့ရဲ့ ဖေ့ဘုတ် စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒါပေမယ့်လည်း နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့ ပြောကြားချက်အရ နိုင်ငံရေး အကျဉ်းသား ၄၀ လောက် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
နိုင်ငံရေးအမှုနဲ့ တွဲဖက်ပြီး တခြား ပြစ်ဒဏ် ကျခံရသူတွေကတော့ နိုင်ငံရေးမှုကို ပယ်ဖျက်ပေးလိုက်ပေမယ့် သူတို့ရဲ့ တခြား ပြစ်မှုတွေကိုတော့ ဆက်လက်ပြီး ကျခံရဖို့ ရှိတယ်လို့ ကိုဘိုကြည်က ဆက်လက်ပြီး ပြောပြခဲ့ပါတယ်။
မြန်မာသမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ကြိုဆိုကြောင်း ဒါပေမယ့် ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မလွတ်ပေးသေးသရွေ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသာတွေ မရှိတော့ဘူးဆိုတာ ပြောဖို့ ခက်ခဲကြောင်း AAPP ပြောကြားခဲ့ပါတယ်။
နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ စာရင်းမှာ ပါဝင်တဲ့ နိုင်ငံရေး အမှုနဲ့ တရားစွဲခံထားရဆဲ ဖြစ်သူ စုစုပေါင်း ၁၈၀ ဟာလည်း လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ ရှိတယ်လို့ သိရပါတယ်။
No comments:
Post a Comment