Saturday, March 1, 2014

သာရေးနာရေးကော်မတီကို ငွေကျပ်သိန်း ၇၀ ကျော် အလွဲသုံးစားမှုဖြင့် အမှုဖွင့်

ဇော်ဇော်ထွေး

ကော်မတီအဖွဲ့ခွဲ အသီးသီးမှတဆင့် ကောက်ခံရရှိငွေ ကျပ်သိန်း ၇၀ ကျော်ကို ကျေးရွာသာရေးနာရေး ကော်မတီက အလွဲသုံးစားလုပ်ကြောင်း မြို့နယ်စာရင်းစစ်က စစ်ဆေးတွေ့ရှိခဲ့သဖြင့် အမှုဖွင့်တိုင်တန်း ထားဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။

ဖြစ်စဉ်မှာ ၂၀၀၅ ခုနှစ်မှ ၂၀၁၁ခုနှစ် အတွင်း မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် လေးထောင့်ကန်ကျေးရွာ၏ သာရေးနာရေးကော်မတီသည် နာရေးကူညီမှုကိစ္စ၊ လျှပ်စစ်မီးရရှိရေးကော်မတီမှ လျှပ်စစ်မီးရရှိရေး ကိစ္စ၊ စုပေါင်းဈေးဆိုင်သစ်ဆောက်လုပ်ရေးကော်မတီမှ ဈေးဆိုင်သစ်ဆောက်လုပ်ခြင်းများအတွက် နေ့စဉ်ငွေ ကောက်ခံခြင်းများ ပြုလုပ်ခဲ့သည်။

သို့သော် ကော်မတီဝင်များဖြစ်သည့် ရဲစခန်းတွင် စစ်ဆေးခံနေရသူ ဦးချစ်အေး၊ ဦးဝင်းနိုင်ထွန်း၊ ဦးကျော် ၀င်း၊ ဦးပေါက်(ခ)ဦးသိန်းမြင့်၊ ဦးမြင့်ရွှေနှင့် ဦးထွန်းရီ (ကွယ်လွန်)တို့က အလွဲသုံးစားပြုလုပ်ထားဟုဆို ကာ အစိုးရဌာနများသို့ တိုင်ကြားခဲ့သည်ဟု တရားလိုများဘက်က ဆိုထားသည်။

ထိုသို့ တိုင်ကြားခြင်းကြောင့် မြို့နယ်စာရင်းစစ်အဖွဲ့က စစ်ဆေးဆောင်ရွက်ခဲ့ရာ အလွဲသုံးစားငွေမှာ ကျပ် ၇၈ သိန်းကျော် အထိရှိခဲ့သည်ကို စစ်ဆေးတွေ့ရှိသည်ဟု ဆိုထားသည်။

ထို့ကြောင့် ငွေကြေးအလွဲသုံးစားပြုလုပ်သည့်အပြင် စာရင်းစစ်အဖွဲ့မှ စစ်ဆေးရရှိသည့် ငွေများပါ အလွဲ သုံးစားမှုပြုလုပ်ထားသဖြင့် ဦးချစ်အေးပါ ခြောက်ဦးကို အရေးယူပေးရန် ဦးမြင့်ကျော် (၅၂)နှစ်၊ ဈေး ရောင်း၊ လေးထောင့်ကန်ကျေးရွာနေသူက အမှုဖွင့်တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နယ်မြေရဲစခန်းက (ပ)၅၄/ ၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ် မှုအမှန်တကယ် ကျူးလွန်ထားခြင်း ဟုတ်မဟုတ် တိုင်တန်းခံထားရသူများကို ဖမ်းဆီးစစ်ဆေးသွားပြီး ပြစ်မှု မှန်ကန်ပါက ပုဒ်မ ၄၀၉ ဖြင့် တရားစွဲတင်မည်ဟု ဆိုထားသည်။

No comments:

Post a Comment