Thursday, March 27, 2014

မြန်မာ့တီလားဗီးယားငါးများကို အမေရိကန်ဝယ်ယူမည်

မို့မို့သန္တာ

မြန်မာနိုင်ငံရှိ တီလဗီးယား ငါးများကို အမေရိကန်နိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ၀ယ်ယူမည်ဖြစ်သည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးဟန်ထွန်း က ပြောသည်။ မတ်လ ၂၅ ရက်က မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ပြုလုပ်သည့် အပတ်စဉ်အစည်းအဝေးတွင် ဦးဟန်ထွန်းက အထက်ပါအတိုင်းပြော ကြားခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ၌ မတ်လ ၁၆၊ ၁၇၊ ၁၈ ရက်များတွင် သုံးရက်တိုင်တိုင်ကျင်းပခဲ့သည့် Boston Sea Food Show တွင် မြန်မာနိုင်ငံရှိ တီလားဗီးယားငါးများကို အမေရိကန်လုပ်ငန်းရှင်များက ၀ယ်ယူရန် ကမ်းလှမ်း လာခြင်းဖြစ်ပြီး ၀ယ်ယူနိုင်မည့် ဈေးနှုန်းများကိုလည်း ပို့ပေးထားပြီးဖြစ် သည်ဟု ဦးဟန်ထွန်းကပြောသည်။ သျြအညှေနေ င်္သသှိ့သတ ပွဲတွင် မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ်္စည်းများကို ပါဝင်ပြသလျက် ရှိသည်ဟု လည်း ဦးဟန်ထွန်းကပြောသည်။

ဦးဟန်ထွန်းက “သူတို့ ပေးပို့တဲ့ ဈေးနှုန်းတွေနဲ့ အရောင်းအ၀ယ်လုပ်ရင်တော့ အဆင်ပြေနိုင်ပါတယ်။ တွက်ချေကိုက်အောင် မွေးမြူရမှာပဲလေ။ သူတို့ဘက် ကတီလားဗီးယားကို အသားလွှာပုံစံနဲ့ရော၊ အကောင် လိုက် ပုံစံနဲ့ပါလိုချင်ကြတယ်” ဟုပြောသည်။

တီလားဗီးယားငါးများကို အမေရိကန် သို့တင်ပို့ခြင်းဖြင့် မွေးမြူရေးလုပ်ငန်းရှင် များအတွက် အကျိုးရှိစေနိုင်ပြီး နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိကာ ရေထွက်ပစ်္စည်းကုန်သွယ်မှု ပမာဏလဲတိုးတက်လာနိုင်ကြောင်း ဦးဟန်ထွန်းက ထပ် လောင်းပြောကြားသည်။

အမေရိကန်သို့ တင်ပို့ခြင်းများပြုလုပ် မည်ဆိုပါက အမေရိကန်နိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၏ ထောက်ခံချက်များရယူရမည်ဖြစ် ပြီး အမေရိကန်နိုင်ငံ၏ပို့ကုန်သွင်းကုန် လုပ်ငန်းများနှင့် အညီလုပ်ဆောင်မှုများပြု လုပ်သွားရမည်ဖြစ်ကြောင်း အစည်းအဝေး သို့တက်ရောက်လာသည့် မြန်မာနိုင်ငံ ရေထွက်ပို့ကုန် လုပ်ငန်းရှင်များအသင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းက “မြန်မာနိုင်ငံကနေ တင်ပို့ဖို့ လဲထောက်ခံစာတွေယူရမယ်။ ဈေးကွက်ကိုလဲ ထိုးဖောက်နိုင်ရမယ်။ တရုတ်နိုင်ငံရဲ့ တီလားဗီးယားဈေးကွက်ကို ကျော်နိုင်အောင် ကြိုးစားရမယ်” ဟုပြောသည်။

အမေရိကန်နိုင်ငံ၏ စားသုံးမှုအများဆုံး ငါး ၁၀မျိုးထဲတွင် တလဗီးယားငါးမှာ ပဉ်္စမမြောက်နေရာတွင် ပါဝင်နေပြီး မြန်မာနိုင်ငံတွင် တလဗီးယားငါးကို တစ်နှစ်လျှင် နှစ်ကြိမ်ကန်ပေါ်ခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ငါးမွေးမြူရေးလုပ်ငန်းရှင်များက ပြောသည်။ တီလားဗီးယားငါးများကို နှစ်ရက်လျှင် တစ်ကြိမ်အစာ ကျွေးနိုင်သောကြောင့် အစာစရိတ်ကို လျှော့ချနိုင်ကြောင်းနှင့် တီလားဗီးယားငါးများကို ပြည်ပသို့တင်ပို့ နိုင်ပါက နိုင်ငံအတွက်အကျိုးအမြတ်ရရှိ နိုင်ကြောင်း ဦးဟန်ထွန်းကပြောသည်။

No comments:

Post a Comment