ခိုင်ထူးမြတ်
ရခိုင်ပြည်နယ် ရမ်းဗြဲ မြို့မ ရမ္မာဝတီ ဈေးတွင် ယမန်နေ့ ညနေက မီးလောင်မှုဖြစ်ပွါးခဲ့ရာ ဆိုင်ခန်းတစ်ခန်း မီးထဲပါသွားခဲ့သည်ဟု သတင်းရရှိသည်။
မီးလောင်မူကြောင့် မပေါက်ချေ (ခေါ်) မတင်သန်းပိုင် ပလစတစ်အရောင်းပစ္စည်းဆိုင် မီးထဲပါသွားခဲ့သည်ဟု ရမ်းဗြဲမြို့ ဒေသခံ ကိုထွန်းကြည်က နိရဉ္စရာသို့ ပြောသည်။
” မီးက ညဥ့် ၁၀ နာရီလောက်က စလောင်တာပါ။ မြို့သူ မြို့သားတွေနဲ့ မီးသတ်က ၀ိုင်းဝန်း ငြိမ်းသတ်တော့ နောက်ဆိုင်တွေကို မီးမကူးဘဲ ၁၀ နာရီခွဲမှာ မီးငြိမ်းသွားခဲ့ပါတယ်” ဟု ယင်းက ဆိုသည်။
ယင်းပြင်သူက “ ဘယ်လိုဖြစ်လို့လောင်တယ် ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ ခြင်ဆေးခွေကလောင်တလား၊ ဘယ်လို စလောင်တာလဲဆိုတာကို စုံစမ်းနေတုန်း ဖြစ်ပါတယ်။ မီးစမလောင်ခင်တော့ ညှော်နံ့တွေ ထွက်လာတယ်လို့ သိရပါတယ်” ဟု ဆိုသည်။
ပျက်စီးဆုံးရှုံးမှာ ကျပ်ငွေ (၁) သန်းဖိုးခန့်ရှိကြောင်း သိရသည်။
ရမ်းဗြဲမြို့မဈေးမှာ ရမ်းဗြဲ အကျဉ်းထောင်ဟောင်းကို အခန်းများခွဲပြီး ဆောက်လုပ်ထားခြင်းဖြစ်သည်ဟု သိရပါသည်။
No comments:
Post a Comment