Tuesday, April 1, 2014

ကျိုက္ခမီဘုရားနှင့် စက်စဲ ကမ်းခြေ တို့ တွင် ဧည့်သည်များ ကိုစတင်ကောက်ခဲ့

မိချမ်းစွန်း

မွန်ပြည်နယ်သံဖြူ ဇရပ်မြို့နယ်သန်းခေါင် စာရင်း ရည်ညွှန်း ချိန်ဖြစ်သော မတ်လ၂၉ ညသန်းခေါင်ယံ၁၂နာရီတွင် ကျိုက္ခမီ ဘုရား ၀န်းကျင်နှင့် စက်စဲ ကမ်းခြေ နေရာများရှိ တည်းခိုခန်း တွင်ဝင်ရောက် တည်းခိုနေသော ဧည့်သည်များ ကိုစတင်ကောက်ခဲ့ သည်ဟု သံဖြူ ဇရပ်မြို့နယ်လူ ၀င်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီး ဌာနဦးစီးမှူး ဦးညီညီဇော်ကပြော သည်။

“ဧည့်သည် တွေဟာ သန်းခေါင်ယံ အချိန်တွေမှာ စုစည်း ရှိနေကြ တယ်မိုးလင်း ရင်ပြန်တဲ့ သူတွေရှိ တဲ့အခါ ကျ တော့ညသန်းကောင် ယံမှာ ကျနော် တို့ဝင်ရောက် ကောက် ရခြင်း ဖြစ်ပါတယ်” ဟုဆိုပါသည်။

ယင်းကောက်ခံ မှု၌ စက်စဲ ကမ်းခြေတွင် စာရင်း စစ်စာ ရင်းကောက် အင်အား၁၂ဦးကို အသုံးပြုပြီး ကျိုက္ခ မီတွင် အင်အား ၄၂ဦးဖြင့် အသုံးပြု ကောက် ခံခဲ့ ပါသည်။ သံဖြူ ဇရပ် တမြို့ နယ် လုံးတွင်မူသန်းခေါင် စာရင်း ကောက်ရန် စာရင်း စစ်စာရင်း ကောက်ပေါင်း ၃၆၂ ဦးရှိသည်ဟု ဆိုပါသည်။

အလားတူ ပင်ကျိုက် ထီရိုး ဘုရားတွင် လည်း သန်းခေါင် စာရင်း ရည်ညွှန်း ချိန်မတ်လ၂၉ ရက်နေ့ ညသန်းခေါင်ယံ အချိန်မှ မတ်လ ၃၀ရက်ေ န့အထိ အပြီးအစီး ကောက်ခံ ရန် ရှိသည်ဟု မွန်ပြည် နယ်လူ ၀င်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင် အားဦး စီးဌာနမှ ဒုတိယ ပြည်နယ်မှူး ဦးဝင်းရဲ ထွန်းက ဆိုပါသည်။

ကျိုက်ထီးရိုး ဘုရားသို့ လာရောက် ဘုရားဖူးသော ဘုရားဖူး ဧည့်သည် များသည် တခြားနေ ရာမှ ဘုရားဖူးများ ထက် များပြား နေသဖြင့် စာရင်းစစ် စာရင်းေ ကာက် ပေါင်း ၁၀၀ ကျော်ဖြင့် ကောက်ခံ သွားရန် စီစဉ်ထား သည်ဟုဆိုပါသည်။

မွန်ပြည်နယ် သည်လမ်း ပမ်းဆက် သွယ်ရေးအဆင်ပြေ သဖြင့်စရင်းကောက် ရာတွင် လွယ်ကူပြီးမြန်မြန် ဆန်ဆန် ပြီးစီးနိုင် ပါသည်။ သို့သော် မွန်ပြည် နယ် မှပြည် သူများသည် အထူး သဖြင့်နိုင် ငံရပ်ခြား သို့သွားရောက် အလုပ်လုပ် ကိုင်မှုများသဖြင့် လူဦးရေစ ရင်းအပြည် အစုံရရှိနိုင် လိမ့်မည် မဟုတ်ဟု နိုင်ငံ ရပ်ခြားရောက်သူများကဆိုနေပါသည်။

အစိုးရ လူဝင်မှုကြီးကြပ်ရေး အဖွဲ့ကမူ နိုင်ငံရပ်ခြား ရောက်သူများ စရင်းပါ မကျန်စေရန် ထည့်ကောက်သွား မည်ဟု ဆိုနေပါသည်။

No comments:

Post a Comment