Tuesday, April 1, 2014

ကလေးမြို့ သစ်မှောင်ခိုမှုတွင် ပါဝင်ပတ်သက်သူကို ဖမ်းဆီးနိုင်ခြင်းမရှိသေး

လပြည့်ဝန်း

ကလေးမြို့ မြို့သာရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် တရားမ၀င်သစ်မှောင်ခိုမှုတွင် မှောင်ခိုသစ်များ ဖမ်းဆီးရမိ သည်မှာ တစ်လကျော်ကြာပြီဖြစ်သော်လည်း သစ်မှောင်ခိုမှုတွင် အဓိကပါဝင် ပတ်သက်သူဟု ယူဆရ သည့် သံသယရှိသူကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဟု ကလေးခရိုင်ရဲစခန်းမှ တာဝန်ရှိသူထံမှသိရသည်။

သစ်မှောင်ခိုမှုတွင် အဓိကပါဝင်ပတ်သက်သူသည် ဦးဖက်တီး (မင်းတပ်နှင့် မန္တလေးတွင်နေထိုင်သူ) ဆိုသူ ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။ အဆိုပါသစ်မှောင်ခိုမှုသည် ဖေဖော်ဝါရီ ၂၃ ရက်တွင် တမလန်း သစ်ခွဲသား ၁၆၀ တုံး၊ ၁၄ဒသမ ၀၂၈၆ တန်ကို စစ်ဆေးရမိခဲ့ပြီး ဖေဖော်ဝါ ရီ ၂၅ ရက်တွင် သစ်ခွဲသား ၃၇၆ တုံး၊ ၃၈ ဒသမ ၅၇၇ တန် ထပ်မံကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါသစ်မှောင်ခိုမှုတွင် ပိုင်ရှင်ဟု ယူဆခြင်းခံထားရသူ ဦးဖက်တီးနှင့် သစ်များ ဖမ်းဆီးမိသည့် ခြံပိုင်ရှင် ဦးလှိုင်မြင့်မောင်တို့ကို ကလေးမြို့နယ်ရဲစခန်းမှ ပ- ၁၀/၂၀၁၄နှင့် အမှုဖွင့်ခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သစ်တောဥပဒေ ပုဒ်မ ၄၂(ခ) နှင့်တရားစွဲဆိုထားခဲ့သည်။

ခြံပိုင်ရှင် ဦးလှိုင်မြင့်မောင်ကို စစ်ဆေးလျက်ရှိနေပြီး သစ်လုံးပိုင်ရှင်မှာ မန္တလေးသို့ ထွက်ပြေးတိမ်းရှောင် နေခြင်းကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဆက် လက်စုံစမ်းလျက်ရှိသည်ဟု ကလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်တူးက မဇ္ဈိမကို ပြောသည်။

ကလေးမြို့နယ် သစ်မှောင်ခိုမှုတွင် ဒေသခံများ၏ တိုင်ကြားမှုအရ ဖေဖော်ဝါရီ ၂၅ ရက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာန၊ ကလေးမြို့ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ကလေးကဘော်လွင်ပြင် ဒေသခံအဖွဲ့တို့ ပူးပေါင်းကာ သွားရောက်စစ်ဆေးခဲ့ရာမှ တမလန်းသစ် အရေအတွက် ၃၇၆ တုံး စစ်ဆေးတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ကလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်တူးက“သစ်လုံးရေမှောင်ခိုမှုတွေကို သတင်းပေးတဲ့သူရှိရင်တော့ ကလေးမြို့နယ်မှာဖွဲ့ထားတဲ့ သစ်မှောင်ခိုဖမ်းဆီးရေး အဖွဲ့တွေက ဖမ်းဆီးပါတယ်။ ကလေးမြို့နယ် သစ် မှောင်ခိုမှုတွေမှာ တမလန်းသစ်က အများဆုံးပဲ”ဟု ပြောသည်။

ကလေးမြို့နယ်အတွင်း သစ်ခွဲလုပ်ငန်းလုပ်ကိုင်ကြသူများနှင့် သစ်တောကြိုးဝိုင်း တာဝန်ရှိသူများပူးပေါင်း ကာ သစ်ခိုးထုတ်ခြင်း၊ သစ်ခုတ်ခြင်းများအပြင် တရုတ်သို့ သစ်ကုန်ကြမ်းရောင်းချခြင်းများကြောင့် ကလေး မြို့နယ်အတွင်း သစ်တောများ ပြုန်းတီးမှုများ များပြားလာလျက်ရှိသည်ဟု ကလေးမြို့ဒေသခံများကဆို သည်။

No comments:

Post a Comment