Tuesday, May 27, 2014

တိုင်းတရားရုံးကို ဟိုတယ်အဖြစ် တည်ဆောက်သူနဲ့ ခွင့်ပြုသူကို တရားစွဲဖို့ရှိ

ABC

ရန်ကုန်တိုင်းတရားရုံးဖြစ်တဲ့ ​စုပေါင်းရုံးကို ​ဟိုတယ်အဖြစ် ​ဆောက်လုပ်ခွင့်ပြုလိုက်တဲ့အတွက် ​မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်နဲ့ ​လုပ်ကိုင်ခွင့်ရတဲ့ ​ကျားပျံ ​Engineering ​ကုမ္ပဏီတို့ကို ​မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ​တရားစွဲဆိုသွားဖို့ ​ရှိတယ်လို့ ​သိရပါတယ်။

ဒါပေမယ့် ​တရားစွဲဆိုမူမတိုင်ခင်မှာ ​လုပ်ကိုင်ခွင့်ရ ​ကျားပျံ ​Engineering ​ကုမ္ပဏီ ​နဲ့ဆွေးနွေးမူတွေကို ​တစ်လအတွင်းပြုလုပ်မှာဖြစ်ပြီးတော့ ​အဲဒီ ​ဆွေးနွေးမူ ​အဆင်မပြေ ​ဘူးဆိုရင် ​တရားစွဲ ​မှာဖြစ် ​ကြောင်း ​မြန်မာနိုင်ငံ ​ရှေ့နေများ ​ကွန် ​ယက် ​က ​ရှေ့နေ ​ဦးအေးမင်းက ​ခုလိုပြောပါတယ်။

“သူတို့လိုက်ရောမူရှိမရှိ ​တပတ်တိုင်သည် ​နှစ်ပတ်တိုင်သည် ​တစ်လတိုင်သည်ပေါ့နော် ​ပြီးတော့မှ ​ရှေ့နေကွန်ယက်က ​အစည်းအဝေးဆုံးဖြတ်ချက်အရ ​တရားစွဲဆိုမယ်။”
အဆိုပါ ​စုပေါင်း ​တရားရုံးကို ​မြန်မာနိုင်ငံ ​ရင်းနှီးမြုပ်နှံမှုကော်မရှင်က ​ကျားပျံ ​Engineering ​ကုမ္ပဏီကို ​ဟိုတယ်အဖြစ် ​ငှားရမ်းခွင့်ပေးခဲ့ပြီး ​အခုအခါမှာ ​ဟိုတယ်ဆောက်လုပ်ဖို့ပါ ​ခွင့်ပြုလိုက်တာ ​ဖြစ်ပါတယ်။

အခုလို ​တရားစွဲဆိုမှု ​ဖြစ်လာရတာက ​မြန်မာ့ရှေးဟောင်း ​အမွေအနှစ်တစ်ခုဖြစ်တဲ့ ​စုပေါင်းရုံးကို ​ဟိုတယ်အဖြစ် ​ဆောက်လုပ်လိုက်တာကြောင့်ဖြစ်ပြီး ​အဲဒီလို ​ဟိုတယ်အဖြစ် ​ဆောက်လုပ်လိုက်မယ် ​ဆိုရင် ​တရားစီရင်ရေးပိုင်းမှာ ​အခက်အခဲတွေ ​ဖြစ်လာနိုင်တယ်လို့ ​ပြောဆိုနေကြပါတယ်။

ဒါ့အပြင် ​စုပေါင်းတရားရုံးကို ​ဟိုတယ်အဖြစ် ​ဆောက်လုပ်ခွင့်ပေးလိုက်တာကို ​ကန့်ကွက်တဲ့အနေနဲ့ ​မေလ ​(၂၈) ​ရက်နေ့ကျရင် ​ရှေ့နေများကွန်ယက်အဖွဲ့က ​ဆန္ဒပြသွားမှာ ​ဖြစ်ပြီး ​အဲဒီအတွက် ​သက်ဆိုင်ရာဆီက ​ခွင့်ပြုမိန့်ရထားပြီဖြစ်ကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

No comments:

Post a Comment