Friday, May 2, 2014

ကချင်ပြည်နယ် တိုက်ပွဲတွေကြောင့် ဒုက္ခသည်ဦးရေ တိုးလာလို့ဆို

ABC

တစ်နိုင်ငံလုံး ​အတိုင်းတာနဲ့ ​အပစ်အခတ်ရပ်စဲရေးစာချုပ် ​ထွက်ရှိလာဖို့နဲ့ ​၂၀၁၄ခုနှစ် ​သန်းခေါင်စာရင်း ​ကောက်ယူနေတဲ့ ​တစ်ချိန်တည်းမှာဘဲ ​ရှမ်းပြည်နယ် ​မြောက်ပိုင်းမှာ ​တိုက်ပွဲတွေ ​ပြင်းထန်စွာ ​ဖြစ်ပွားနေပြီး ​ဒုက္ခသည်စခန်းတွေမှာ ​လူဦးရေ ​ထပ်မံတိုးပွားလာတယ်လို့ ​လူမှု့ကယ်ဆယ်ရေး ​အဖွဲအစည်းတစ်ခုဖြစ်တဲ့ ​ကချင်ငြိမ်းချမ်းရေးကွန်ယက်က ​ထုတ်ပြန်လိုက်ပါတယ်။

သန်းခေါင်စာရင်း ​ကောက်ယူနေတဲ့ ​အချိန်ကနေ ​ကနေ့အချိန်ထိ ​သုံးပတ်တာကာလအတွင်း ​ကချင်လွတ်မြောက်ရေးတပ်မတော် ​KIA ​တပ်မဟာ ​၄ ​နဲ့ ​ပလောင်လွတ်မြောက်ရေးတပ်ဦး ​PSLO/TNLA ​တို့ ​တည်ရှိရာ ​ရှမ်းပြည်နယ်မြောက်ပိုင်း ​ကွက်ခိုင်နဲ့ ​ကချင်နယ်စပ် ​တစ်လျောက်မှာ ​တိုက်ပွဲတွေ ​ဖြစ်ပွားနေတာပါ။

သုံးပတ်တာ ​ကာလအတွင်း ​ဒုက္ခသည် ​၅၀၀၀ ​လောက်ဟာ ​တရုတ်ပြည်ထဲမှာ ​ရှိတဲ့ ​IDP ​စခန်းတွေထိ ​ထပ်မံ ​ရောက်ရှိလာတယ်လို့ ​ကချင်ငြိမ်းချမ်းရေး ​ကွန်ယက်က ​မခွန်ဂျာက ​အခုလိုပြောပါတယ်။

အခုနောက်ဆုံးအကြိမ် ​တိုက်တာက ​ကျတော့ ​သန်းခေါင်စာရင်းကို ​အကြောင်းပြပြီး ​တိုက်သွားတာ ​ဖြစ်တယ်။ ​သန်းခေါင်စာရင်းအတွက် ​လုံခြုံရေးပေးတယ်ဆိုပြီး ​ဝင်တိုက်တာဖြစ်တယ်။ ​သန်းခေါင်စာရင်းနဲ့ ​ပက်သက်ပြီး ​စပြီးတိုက်တဲ့ ​သုံးပါတ်ကာလအတွင်းမှာ ​လူဦးရေ ​၅ ​ထောင်လောက် ​နောက်ထပ်အိုးအိမ်တွေကို ​ပစ်ပြီးတော့မှ ​တရုတ်ပြည်ထဲထိကို ​ရောက်လာတာဖြစ်တယ်။ ​မူလရှိနေတဲ့ ​ကန့်တွေကို ​ဖျတ်ဆီးပြီးတော့မှ ​လူထုတွေကို ​ပြန်ပြီးမှ ​နောက်တစ်ခါ ​ထပ်ပြေးခိုင်းတာဖြစ်တယ်ရှင့်။”


အခုချိန်ထိ ​တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာဖြစ်ပြီး ​ပြီးခဲ့တဲ့ ​ရက်ပိုင်းအတွင်းကပဲဒေသ ​၅ ​ခု ​ဆက်တိုက် ​ပြင်းထန်တဲ့ ​တိုက်ပွဲတွေ ​ဖြစ်ပွားနေတယ်လို့ ​ဆိုပါတယ်။

စစ်ပွဲဖြစ်ပွားလာတာဟာ ​၂ ​နှစ်ကျော်ကာလဖြစ်လာတဲ့အတွက် ​အရင်ဒုက္ခသည်တွေအတွက် ​တဲတွေ ​ပြန်လည် ​ပြုပြင်ဖို့နဲ့ ​တိုးပွားလာတဲ့ ​ဒုက္ခသည်တွေအတွက် ​တဲတွေ ​လုံလောက်စွာ ​ရှိလာဖို့ ​အဓိကလိုအပ်နေတယ်လို့ ​မခွန်ဂျာက ​ပြောတဲ့အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ထားပါတယ်။

No comments:

Post a Comment