Tuesday, May 27, 2014

အမြင့်ဆုံး ရှစ်ထပ်ထိဆောက်မည့် အဆောက်အအုံ ဒီဇိုင်းပုံ စစ်ဆေးချိန်များ စည်ပင်က လျှော့ပေးမည်

နန်းမြင့်

အထပ်မြင့်ဆောက်လုပ်မည့် အဆောက်အအုံများအတွက် ဒီဇိုင်းပုံစစ်ဆေးချိန်များ ဖြေလျှော့သွားမည်ဟု ရန်ကုန်စည်ပင် အဆောက်အအုံဌာန၊ လက်ထောက်ဌာနမှူး ဦးနေ၀င်းက မေ ၂၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါဆောင်ရွက်ချက်များမှာSEC (ဒီဇိုင်းအင်ဂျင်နီယာလက်မှတ်ရ ဒီဇိုင်းရေးဆွဲသူ) တစ်ဦးတည်းက ဒီဇိုင်းများကို တာဝန်ယူမှုကြောင့် ဌာနနှင့် SEC တို့အကြား ဒီဇိုင်းပုံစံလိုအပ်ချက်များအား လုပ်ထုံးလုပ်ငန်း သတ်မှတ်ပုံစံနှုန်းများနှင့် ညီညွတ်သည်အထိ အကြိမ်ကြိမ်စိစစ်နေသော အချိန်ကာလကို ဖြေလျှော့လိုက် ခြင်းဖြစ်သည်။

“ဒီဇိုင်းလိုအပ်ချက်ရှိလို့ ကျွန်တော်တို့က ခိုင်းလိုက်တာ။ ဒီလိုအပ်ချက်ကို ပြန်တင်ဖို့ရာအတွက် အိမ်ရှင်နဲ့ SEC နဲ့ အဆင်ပြေပြီး အပိုင်မွေးထားတဲ့သူမျိုးဆိုရင် ပြဿနာမရှိဘူး။ ဒီတစ်လုံးပြီးသွားရင်နောက်ထပ် ဆက် ဆံစရာမရှိတဲ့အတွက် သူ့ကိုအရေးတယူလုပ်ချင်လုပ်မယ် မလုပ်ချင်မလုပ်ဘူး။ မြေပြင်မှာလဲ တကယ် ဖြစ်နေတာပဲ” ဟု ဦးနေ၀င်းက ဆိုသည်။

SEC ကို စစ်ဆေးသည့်အဖွဲ့က စစ်ဆေးပြီး အပြန်အလှန်စိစစ်ရေးဆွဲ၍ လုပ်ထုံးလုပ်နည်း စံချိန်စံညွှန်းနှင့် ကိုက်ညီသော ဒီဇိုင်းပုံစံကိုဌာနသို့ တင်ပြစေခြင်းဖြင့် ဌာနမှ အဓိကအချက်များကိုသာ စစ်ဆေးပြီးခွင့်ပြု မိန့်အမြန်ဆုံးရရှိနိုင်တော့မည်ဟု စည်ပင်က ထုတ်ပြန်သည်။

လက်ထောက်ဌာနမှူး ဦးနေ၀င်းက “ ဌာနမှာတကယ်စစ်နိုင်တဲ့သူက လေး၊ ငါးယောက်ပဲ ရှိတယ်။တစ်နေ့ ကို အလုံးလေးငါးဆယ်တင်တဲ့အခါကျတော့ ဒီလေးငါးယောက်ကနေ သတ်မှတ်တဲ့ရက်အတွင်း ပြီးအောင် စစ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ လောလောဆယ် ကျွန်တော်တို့ လိုင်စင်ရမြေတိုင်းတွေက စစ်ဆေးနေတယ်။ မြေပြင်မှာ ကြီးကြပ်မှုအားနည်းတယ်” ဟုဆိုသည်။

No comments:

Post a Comment