Tuesday, May 27, 2014

ဒီအချိန်မှာ ဘယ် SSA တပ်မှ အစိုးရကို တော်လှန် ပုန်ကန် နေတာ မရှိဘူး

သျှမ်းသံတော်ဆင့်

“ အခု သူတို့စွပ် စွဲထားတဲ့ ပုဒ်မ ၁၇-၁ ဆိုတာ SSA တောတွင်း လက်နက်ကိုင် အဖွဲ့နဲ့ ဆက်သွယ်တယ် ပေါ့နော်။ ဒီအချိန်မှာ ဘယ် SSA တပ်မှ အစိုးရကို တော်လှန်ပုန်ကန် နေတာမရှိဘူး။ အားလုံးက အပစ်အခတ် ရပ်စဲ ထားတယ်။ ငြိမ်းချမ်းရေး ရယူထားတယ်။ ဆိုတော့ ငြိမ်းချမ်းရေး ယူထားတဲ့အဖွဲ့ကို သူတို့က သောင်းကျန်းသူအဖြစ် သတ်မှတ်တယ် ဆိုတာမျိုးက ခေတ် အခြေအနေနဲ့ လည်း မကိုက်ညီဘူး ပေါ့နော်။ အဲဆို တရား ဥပဒေဆိုတာ လိုရင် လိုသလို မလိုရင် မလိုသလို ချုံ့လို့ချဲ့လို့ ရနေတဲ့ အနေအထား မျိုးတွေ့ နေရတာမို့လို့ ဒီအခြေအနေ အပေါ် ကျနော်တို့ သက်ဆိုင်ရာ ကိုစုံစမ်းပြီး အယူခံ ဝင်သွားမယ်။ လိုအပ်ရင် ဥပဒေအကြောင်းအရ ရင်ဆိုင်သွားဖို့ ကျနော်တို့ ပြင်ဆင်သွားမှာဖြစ်တယ်။”

စိုင်းလိတ်
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီပြောခွင့်ရ

No comments:

Post a Comment