Wednesday, July 2, 2014

သြစီနိုင်ငံခြားရေးဝန်ကြီး ဒီကနေ့ ရန်ကုန်မြို့ကို ရောက်မယ်

ABC

သြစတြေးလျ ​နိုင်ငံ ​ခြားရေးဝန်ကြီး ​ဂျူလီ ​ဘိရှော့ပ်ဟာ ​ဒီကနေ့ ​မနက်ပိုင်းမှာပဲ ​ရန်ကုန်မြို့ကို ​ရောက်ရှိလာမှာဖြစ်ပြီးတော့ ​ဒါဟာ ​နိုင်ငံခြားရေး ​၀န်ကြီး ​တားဝန်ယူပြီး ​နောက်ပိုင်း ​ပထမဦးဆုံး ​မြန်မာနိုင်ငံကို ​လာရောက်တဲ့ ​ခရီးစဉ်ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ​ပြုပြင်ပြောင်းလဲမှုကို ​သြစတြေးလျနိုင်ငံက ​ထောက်ခံတဲ့အနေနဲ့ ​လာရောက်တဲ့ ​ခရီးစဉ်ဖြစ်ပေမယ့် ​ပညာရေးနဲ့ ​အမျိုးသမီးတွေရဲ့ ​စွမ်းရည်မြှင့်တင်ရေးနဲ့ ​ပတ်သက်ပြီး ​အဓိကထား ​ဆွေးနွေးသွားမှာဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ​ဂျူလီ ​ဘိရှော့ပ်ဟာ ​သမ္မတ ​ဦးသိန်းစိန်နဲ့ ​အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ်ဥက္ကဌ ​ဒေါ်အောင်ဆန်း ​စုကြည်တို့နဲ့ ​တွေ့ဆုံဖို့ ​အတွက် ​နေပြည်တော်ကို ​သွားရောက်မှာဖြစ်ပြီးတော့ ​ရခိုင်ပြည်နယ်မှာ ​ဖြစ်နေတဲ့ ​ရိုဟင်ဂျာ ​မွတ်စလင်တွေရဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​ပြောဆို ​ဆွေးနွေး ​သွားဖို့ ​ရှိတယ်လို့ ​ယူဆရတဲ့အကြောင်း ​အေဘီစီ ​သတင်းထောက် ​Samatha ​Hawley ​က ​ရန်ကုန်မြို့ကနေ ​သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment