Friday, July 4, 2014

ရှေးဟောင်းအမွေအနှစ် သတ်မှတ်ဇုန်မှာ မြေဈေးထိုးတက်

ABC

မြန်မာနိုင်ငံက ​ဟန်လင်း ​၊ ​သရေခေတ္တရာနဲ့ ​ဗိဿနိုးမြို့ ​စတဲ့ ​ပျူမြို့ဟောင်းတွေကို ​ကမ္ဘာ့ ​အမွေအနှစ် ​စာရင်းဝင်အဖြစ် ​အသိအမှတ်ပြုပြီး ​တဲ့နောက်မှာ ​သရေခေတ္တရာ ​ရှေးဟောင်းဇုန် ​အတွင်းက ​မြေဈေးတွေ ​(၁၀) ​ဆ ​မြင့်တက်သွားတယ်လို့ ​အိမ်ခြံမြေ ​အကျိုးဆောင်တွေက ​ပြောပါတယ်။

အဲ့ဒီနေရာတွေကို ​ကမ္ဘာ့ ​အမွေအနှစ် ​စာရင်းဝင်အဖြစ် ​အသိအမှတ် ​မပြုခင်က ​တစ်ဧကကို ​ငွေကျပ် ​၁၀ ​သိန်း ​ကနေ ​၁၅သိန်း ​၀န်းကျင်သာ ​ရှိခဲ့ပေမယ့် ​အခုခါမှာတော့ ​ငွေကျပ် ​သိန်း ​(၁၀၀) ​ကနေ ​သိန်း(၁၅၀)နဲ့ ​အရောင်း ​အ၀ယ် ​ဖြစ်လာတယ်လို့ ​ရှေးဟောင်းဇုန် ​အတွင်း ​ကျတဲ့ ​မှော်ဇာကျေးရွာမှာ ​နေထိုင်သူ ​တစ်ဦးက ​ပြောပါတယ်။

ဇုန်အတွင်းက ​ရဟန္တာကန် ​တောင်ဘက်မှာရှိတဲ့ ​လေးဧကလောက် ​ရှိတဲ့ ​အကွက်က ​အရင်က ​(၆၅) ​သိန်း ​နဲ့ ​၀ယ်ထားတာ ​အခုအကွက် ​ပိုင်ရှင်က ​သိန်းနှစ်ထောင်ပေး ​တာတောင် ​ပြန်မရောင်း ​ဘူးလို့ ​ပြောနေပြီး ​အမွေနှစ် ​စာရင်းဝင်ပြီး ​တဲ့နောက်မှ ​ဈေးတွေက ​တဟုန်ထိုး ​တက်လာတာ ​ဖြစ်တယ်လို့ ​ဒေသခံကပြောပါတယ်။

စီးပွားရေး ​လုပ်ငန်းတွေကတော့ ​မြေကွက်တွေ ​၀ယ်ယူနေပေမယ့် ​ရှေးဟောင်းဇုန် ​အတွင်းမှာ ​ကြီးမားတဲ့ ​ဟိုတယ်တွေ၊ ​တည်းခိုခန်းတွေကို ​ဖွင့်ခွင့်မရှိဘူးလို့ ​သိရပါတယ်။

ဒါ့အပြင် ​စီးပွားရေး ​လုပ်ငန်းတွေ ​ကိုလည်း ​ကန့်သတ်ထားတဲ့ ​အတွက် ​အဲ့ဒီအချက်တွေကို ​မြေကွက် ​၀ယ်တဲ့သူတွေ ​စဉ်းစားဖို့လိုအပ်တယ်လို့ ​ရှေးဟောင်း ​သုတေသနနဲ့ ​အမျိုးသားပြတိုက် ​ဦးစီးဌာနက ​တာဝန်ရှိသူ ​တစ်ဦးက ​ပြောပါတယ်။

ကုလသမဂ္ဂ ​ပညာရေးသိပ္ပံနဲ့ ​ယဉ်ကျေးမှုအဖွဲ့ ​(ယူနက်စကို) ​က ​မြန်မာနိုင်ငံ ​အလယ်ပိုင်းရပ်ဝန်းနဲ့ ​ဧရာဝတီမြစ်ဝှမ်း ​တစ်လျှောက်မှာ ​တည်ရှိခဲ့တဲ့ ​ဟန်လင်း၊ ​သရေခေတ္တရာ ​နဲ့ ​ဗိဿနိုးမြို့ဟောင်းတွေကို ​ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ​(World ​Heritage ​List) ​အဖြစ် ​ဇွန်လ ​(၂၂) ​ရက်နေ့က ​ကာတာနိုင်ငံ ​ဒိုဟာမြို့မှာ ​ကျင်းပတဲ့ ​(၃၈)ကြိမ်မြောက် ​ကမ္ဘာ့အမွေအနှစ်ထိမ်းသိမ်းရေး ​ကော်မတီ ​အစည်းအဝေးမှာ ​သတ်မှတ်လိုက်တာဖြစ်တဲ့အကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

No comments:

Post a Comment