Sunday, July 27, 2014

၅၉(စ) မပယ်ဖျက်က ကျောက်စိမ်းနှင့် ပတ္တမြားတင်ပို့မှု ပိတ်ထားဦးမည်ဟု အမေရိကန်လွှတ်တော်အမတ်ဆို

ဟိန်းကိုစိုး

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) သမ္မတအရည်အချင်း သတ်မှတ်ချက်ကို မပယ်ဖျက်ပါက မြန်မာနိုင်ငံမှ အမေရိကန်သို့ ကျောက်စိမ်းနှင့် ပတ္တမြားတင်ပို့မှုကို ဆက်ပိတ်ထားဦးမည်ဟု အမေရိကန်အထက်လွှတ်တော် ရီပါပလီကန်အမတ်ခေါင်းဆောင် မက်ကောနဲလ်က ဇူလိုင်လ ၂၄ ရက် အထက်လွှတ်တော်တွင် ပြောကြားသွားသည်။

မြန်မာနိုင်ငံသည် ယင်း၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်မရအောင် ပိတ်ပင်တားမြစ်ထားသည့် ပုဒ်မကို ဖျက်နိုင်ခြင်းမရှိသေးပါက မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် ပတ္တမြားကို အမေရိကန်က ပိတ်ပင်ထားမှု ဆက်လက်ရှိနေဦးမည်ဟု ၎င်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဦးလှဆွေက “ဒါက ဘာမှ မဆိုင်ဘူး။ အားကြီးသူအနိုင်ယူတဲ့ သဘောလုပ်တာ။ ဒီဟာ ဆက်ထားရင် ပြည်သူတွေပဲ နစ်နာမယ်။ ဘိန်းခင်းတွေပဲ ပိုများလာမယ်”ဟု ဆိုသည်။

မက်ကောနဲလ်ကမူ ကွန်ဂရက်လွှတ်တော်သည် မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေး အုပ်စိုးနေစဉ်ကာလအတွင်း ချမှတ်ထားခဲ့သော စီးပွားရေးပိတ်ဆို့အရေးမှုများကို ပြန်လည်ကျင့်သုံးလိုစိတ် မရှိကြောင်း ပြောသည်။

“သူက မြန်မာနိုင်ငံအချုပ်အခြာအာဏာကို ၀င်စွက်ဖက်တာ။ ပြင်တာ မပြင်တာက သူတို့နဲ့ မဆိုင်ဘူး။ မပြင်ရင် ဆက်ပိတ်မယ်ဆိုတာက အဲဒီပိတ်ဆို့မှုလုပ်တုန်းက လူ့အခွင့်အရေးကို အခြေခံလို့ ချမှတ်ခဲ့တာလား။ ဒေါ်အောင်ဆန်းစုကြည်ကြောင့်လားဆိုတာကို သေချာပြန်စဉ်းစားရမယ်။ ပုဂိ္ဂုလ်ရေးကြောင့် နိုင်ငံရေးကို လည်ပင်းညှစ်တာ မလုပ်သင့်ဘူး”ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက သုံးသပ်သည်။

No comments:

Post a Comment