Tuesday, July 1, 2014

သြစီနိုင်ငံခြားရေး ၀န်ကြီး ဒီရက်ပိုင်း အတွင်း မြန်မာနိုင်ငံကို လာမယ်

ABC

သြစတြေးလျနိုင်ငံ ​ဝန်ကြီးချုပ် ​ဂျူလီဘိရှော့ပ်က ​မြန်မာနိုင်ငံကို ​လာရောက်လည်ပတ်ဖို့ရှိပြီး ​ဇူလိုင်လ ​လေးရက်နေ့မှာ ​သမ္မတဦးသိန်းစိန်နဲ့ ​တွေ့ဆုံဖို့ရှိပါတယ်။

မြန်မာ ​နိုင်ငံ ​ကို ​ဒီရက်ပိုင်း ​အတွင်း ​ရောက် ​လာမှာ ​ဖြစ်ပြီး ​ဂျူလီ ​ဘိရှော့ပ် ​အတွက် ​နိုင်ငံခြားရေး ​ဝန်ကြီး ​တာဝန်ထမ်း ​ဆောင်စဉ် ​အတွင်း ​ပထမဦး ​ဆုံးသော ​မြန်မာနိုင်ငံ ​ခရီးစဉ် ​ဖြစ်ပါတယ်။

နိုင်ငံခြားရေး ​ဝန်ကြီးဌာနရဲ့ ​ထုတ်ပြန်ချက် ​အရ ​မြန်မာနဲ့ ​လာအိုနိုင်ငံက ​အမျိုးသမီးတွေ ​အရည်အချင်း ​မြှင့်တင်ရေး၊ ​စီးပွားရေး ​ဖွံ့ဖြိုးတိုး ​တက်ရေးနဲ့ ​ပညာရေး ​အကြောင်း ​ဆွေးနွေး ​လေ့လာ ​ဖို့ ​မြန်မာနဲ့ ​လာအို ​နိုင်ငံ ​ကို ​သွား ​ရောက် ​မှာ ​ဖြစ်ကြောင်း ​ဖော်ပြထားပါတယ်။

သမ္မတ ​ဦးသိန်းစိန်နဲ့ ​တခြား ​အစိုးရ ​တာဝန်ရှိသူ ​တွေ ​အပြင် ​အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ် ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ​တွေ့ဆုံဖို့ ​ရှိပါတယ်။ ​မြန်မာနိုင်ငံ ​တည်ငြိမ် ​အေးချမ်းရေး၊ ​ပညာရေးနဲ့ ​စီးပွားဖွံ့ ​ဖြိုးတိုး ​တက်ရေး ​အတွက် ​သြစတြေးလျက ​အရေးကြီးတဲ့ ​ကဏ္ဍကနေ ​ပါဝင်ထောက်ပံ့ ​ကူညီမှုတွေ ​လုပ်နေတယ် ​လို့လည်း ​ဆိုပါတယ်။

မြန်မာနိုင်ငံ ​ခရီးစဉ် ​အတွင်း ​အာဆီယံ ​ဥက္ကဌအဖြစ် ​ဆောင်ရွက်နေမှုနဲ့ ​ပတ်သက်ပြီး ​မြန်မာနိုင်ငံကို ​ထောက်ခံကြောင်း ​ထပ်မံပြော ​ဆိုမှာဖြစ်သလို ​ရခိုင်ပြည်နယ်မှာ ​ဖြစ်ခဲ့တဲ့ ​လူမျိုးရေး၊ ​ဘာသာရေး ​ပဋိပက္ခနဲ့ ​ပတ်သက်ပြီး ​သြစတြေးလျအနေနဲ့ ​ဘယ်လို ​ကူညီနိုင်မလဲ ​စတဲ့အကြောင်းကိုပါ ​ဆွေးနွေးမယ်လို့ ​ဆိုပါတယ်။

အဲ့ဒါအပြင် ​သြစတြေးလျ ​စီးပွားရေး ​ကိုယ်စား ​လှယ်တွေနဲ့ ​တွေ့ဆုံပြီး ​နှစ်နိုင်ငံ ​အကြား ​ကုန်သွယ်ရေးနဲ့ ​ရင်းနှီးမြုပ်နှံရေးတွေ ​တိုးမြှင့်ဖို့ ​သြစတြေးလျ ​အစိုးရနဲ့ ​မြန်မာ ​အစိုးရတို့ ​ဘာတွေ ​လုပ်ဆောင် ​သင့်တဲ့ ​အကြောင်း ​တွေလည်း ​ဆွေးနွေးမှု ​လုပ်မှာ ​ဖြစ်ပါတယ်။

နိုင်ငံခြားရေး ​ဝန်ကြီး ​ဂျူလီဘိရှော့ပ် ​ခရီးစဉ် ​အတွင်း ​မြန်မာနိုင်ငံရဲ့ ​၂၀၀၈ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​ပြင်ဆင်ရေးကို ​ထောက်ခံကြောင်း ​ထုတ်ဖော်ပြော ​ကြားခြင်း ​မရှိတဲ့အပေါ် ​စိတ်ပျက်မိကြောင်း ​သြစတြေးလျ ​နိုင်ငံအခြေစိုက် ​Burma ​Office ​အဖွဲ့က ​ပြောပါတယ်။

သြစတြေးလျရောက် ​မြန်မာတွေက ​အခြေခံ ​ဥပဒေပြင်ဆင်ဖို့ ​လက်မှတ်ရေးထိုး ​တောင်းခံထား ​သလို ​အဲဒီအကြောင်းကို ​လည်း ​နိုင်ငံခြားရေး ​ဝန်ကြီး ​ဂျူလီဘိရှော့ပ်ကို ​စာရေး ​အကြောင်း ​ကြားခဲ့ ​တယ်လို့ ​ဆိုပါတယ်။ ​ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​သြစတြေးလျ ​အစိုးရကို ​ဆက်လက်တိုက်တွန်းမှုတွေ ​လုပ်သွားမယ်လို့ ​ဆိုပါတယ်။

No comments:

Post a Comment