Sunday, December 28, 2014

ဒေါ်ခင်ကြည်ကွယ်လွန်ခြင်း ၂၆ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်တက်မည်

ဝင်းကိုကိုလတ်

ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ကွယ်လွန်ခြင်း ၂၆ နှစ်မြောက်ဆွမ်းကပ်ခြင်း အခမ်းအနားကို ၎င်း၏ဇာတိဖြစ်သော မြောင်းမြမြို့တွင် ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပပြုလုပ်မည်ဟု စီစဉ်သူ ဒါရိုက်ကြည်ဖြူသျှင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ရှိ ၎င်း၏နေအိမ်တွင် နံနက်ဆွမ်းကပ်ပွဲပြုလုပ်ကာ မြောင်းမြမြို့သို့ ဆက်လက်သွားရောက်မည်ဟု ဆက်လက်ပြောကြားသည်။

ယင်းအခမ်းအနားသည် ဒေါ်ခင်ကြည်အား မြောင်းမြမြို့၏ ဂုဏ်ထူးဆောင်မြို့သူအဖြစ် ပထမဦးဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း မြို့ခံလူထုနှင့်ေ တွ့ဆုံမည်ဖြစ်သည်။

အခမ်းအနားတွင် နိုင်ငံကျော်ဇတ်မင်းသားအချို့နှင့် အဆိုတော် သျှီတို့က ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင် ကြည်တို့၏ အမှတ်တရသီချင်းများဖြင့် သီဆိုသွားမည်ဖြစ်သည်။

ဒေါ်ခင်ကြည်ကို ၁၉၁၂ ခုနှစ်၊ဧပြီလ ၁၆ ရက်တွင် ပြည်သူ့လုပ်ငန်းဌာန ၀န်ထမ်းဦးဖိုးညှင်းနှင့် အမိဒေါ်ဖွား စု တို့မှ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင်ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment