Monday, December 29, 2014

လူကုန်းကူးမှု ရဲတပ်ဖွဲ့ကို အမေရိကန်က ကူညီရန်ကမ်းလှမ်း

မောင်သင်တုန်း

မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှီမ်းနှင်းရေး တပ်ဖွဲ့အား အမေရိကန်နိုင်ငံက ကူညီဆောင်ရွက်ပေးရန် အတွက် ကမ်းလှမ်းထားသည်ဟု ဒု-ရဲမှူးကြီး သက်နော် သူ၏ ရုံးခန်းတွင် ပြောသည်။

“လူကုန်ကူမှုတိုက်ဖျတ်ဖို့အတွက် ကမ်းလှမ်းတာတွေရှိတယ်။ ဘာလိုအပ်လဲ ဘယ်လိုသင်တန်းမျိုး လိုချင်လဲဆိုပြီး ကမ်းလှမ်းတာပေါ့။ သင်တန်းသား ဟိုကိုခေါ်ပြီးပေးရင် အကျိုးရှိသလား။ ဒါမှမဟုတ် သင်တန်နည်းပြလွှတ်ရမလား ဆိုတာတွေလည်းပါတယ်”ဟု လူကုန်းကူးမှု တာဆီးနှိမ်းနှင်းရေးတပ်ဖွဲ့မှ ဒု-ရဲမှုးကြီး သက်နောင်က ပြောသည်။

အမေရိကန်းနိုင်ငံ၏ ကမ်းလှမ်းချက်ကို ၂၀၁၅ ခုနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းတွင် ထည့်သွင်းထားပြီး လက်တလော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် မည်သို့ ပူပေါင်းဆောင်ရွက်မည်ကို အကြောင်းပြန်ထားခြင်း မရှိသေးဘူးဟု ဆိုသည်။ လူကုန်ကူးမှု တာဆီးနှီမ်နှင်းရေး တပ်ဖွဲ့ တစ်ခုထဲမဟုက်ဘဲ အခြားတပ်ဖွဲ့များ၏ ကိစ္စများလည်း ညှိနှိုင်းပြီး ဆောင်ရွက်ရန် ကမ်းလှမ်းခြင်းဖြစ်သည်ဟုဆိုသည်။

“တစ်ဖက်အခြေအနေကလည်း အတိအကျတော့မသိသေးဘူး။ ပူပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေကို နှစ်ဖက်အဆင်ပြေမယ့် အချိန်တွေမှာ လုပ်ဖို့ဆိုတာ ကြည့်ရအုံးမယ်။ သူတို့ဘတ်ဂျက်ခေါင်စဉ်က ဘယ်လိုဟာမျိုးပေးနိုင်မလဲ ဆိုတာလည်းရှိသေးတယ်” ဟု ဒုရဲမှူးကြီးသက်နောင်က ပြောသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့ ငါးနှစ်စီမံကိန်းအောက်ရှိ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ပူပေါင်းဆောင်ရွက်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။ ယခုနှစ်တွင်၂၀၁၄ ဇန်န၀ါရီလမှ အောက်တိုဘာလအထိ မြန်မာနိုင်ငံတွင် လူကုန်းကူမှု ၁၀၈ မှုအထိရှိခဲ့သည်ဟု သိရသည်။

No comments:

Post a Comment