ABC
သြစတြေးလျနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား နယ်စပ်ရေးရာနဲ့ ပတ်သက်ပြီး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီ သဘောတူညီချက်အရ ငါးနှစ်အတွင်း မြန်မာနိုင်ငံရဲ့ နယ်စပ်ရေးရာမှာ သြစတြေးလျက ကူညီမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။
ဒေသတွင်းက နိုင်ငံတွေရဲ့ နယ်စပ်လုံခြုံရေးရှိမှ သြစတြေးလျ နယ်စပ်ကလည်း လုံခြုံမှာ ဖြစ်တဲ့အတွက် အခုလို သဘောတူညီမှု ရယူတာဖြစ်ကြောင်း သြစတြေးလျနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး စကော့တ် မော်ရီဆန်က ပြောပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေဟာ မလေးရှားနဲ့ အင်ဒိုနီးရှားလို နိုင်ငံကနေတဆင့် သြစတြေးလျနိုင်ငံကို လှေတွေနဲ့ လာရောက်တာ ရှိတဲ့အတွက် မြန်မာနိုင်ငံ နယ်စပ်ရေးရာနဲ့ ပတ်သက်ပြီး သြစတြေးလျနဲ့ မြန်မာအစိုးရတို့ သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
No comments:
Post a Comment