Monday, December 1, 2014

၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးလှမျိုး နောင်၏ ဈာပန အခမ်းအ နားပြုလုပ်

မင်းဟိန်းထက်

အသည်းရောဂါဖြင့် ကွယ်လွန် သွားသော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ် သူဦးလှမျိုးနောင်ကို နိုဝင်ဘာ ၃၀ ရက်ညနေ ၅ နာရီခန့်တွင် ရန်ကုန်မြို့ ရေဝေး သုသာန်၌ ဈာပန အခမ်းအနား ပြုလုပ်ကာ မီးသဂြိုလ် ခဲ့သည်။

ဈာပနအခမ်း အနားသို့ ၈၈ မျိုးဆက် ခေါင်းဆောင် ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးဌေးကြွယ်တို့ အပါအဝင် နိုင်ငံရေး အဖွဲ့အစည်း အသီးသီးနှင့် နိုင်ငံရေးတက် ကြွ လှုပ်ရှားသူ ရာနှင့်ချီကာ တက်ရောက် ခဲ့ကြပြီး ဦးလှမျိုးနောင် ကွယ်လွန်ခြင်း အတွက် အဖွဲ့အစည်း အချို့မှ ဝမ်းနည်းကြောင်း သဝဏ် လွှာများနှင့် လွမ်းသူ့ ပန်းခြင်းများ ပေးပို့ခဲ့ကြသည်။

၁၉၈၈ ခုနှစ် အရေးတော်ပုံ ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလှမျိုးနောင် ကွယ်လွန် ခဲ့ခြင်းနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်သား ခေါင်းဆောင် ဦးကိုကိုကြီးက “မျက်မှန် ထဲကနေ မျက်လုံးကြီး ကျွတ်ထွက်မတက် အားနဲ့မာန် နဲ့ပြောတတ်တဲ့ သူ့ပုံရိပ်ကို အားလုံးက အမြဲသတိ ရနေမှာပါ ”ဟု ၎င်းကပြော သည်။

ဦးလှမျိုးနောင်သည် အသည်းရောဂါဖြင့် နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ စံပြဆေးရုံ၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဌေးကြွယ် က “သူသေဆုံး သွားတာ ထွက်သွားတာ အရမ်းစော လွန်းပါတယ် ဆုံးရှုံးမှုကြီး တစ်ခုပါပဲ ”ဟု ဝမ်းနည်း စကားဆိုသည်။

ဦးလှမျိုးနောင်သည် ရှစ်လေးလုံး အရေးတော်ပုံတွင် ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံ ကျောင်းသားများ ဒီမိုကရေစီ လှုပ်ရှားမှု အစည်းအရုံး (မကဒတ)တွင်လည်း ပါဝင် ခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF) ၌ အတွင်းရေးမှူး တာဝန်ယူကာ လက်နက်ကိုင်တော် လှန်ရေးအတွင်း ပါဝင်ခဲ့သူတစ်ဦး လည်းဖြစ်သည်။

၁၉၉၀ ခုနှစ်တွင် အစိုးရ၏ ထောင်ဒဏ် ခုနစ်နှစ် ချခြင်းခံခဲ့ရပြီး ၁၉၉၅ ခုနှစ်တွင် လွတ်မြောက် လာခဲ့ကာ ၂၀၀၆ ခုနှစ်တွင် ၈၈ မျိုးဆက်ကျောင်း သားများအ ဖွဲ့ ထူထောင်ရာ၌ ပါဝင်ခဲ့သည်။

ထို့နောက် ၂၀၀၇ ခုနှစ် စက်သုံးဆီ ဈေးနှုန်း တက်သည့် ကိစ္စရပ်နှင့် ပတ်သက်သည့် လှုပ်ရှားမှုတွင် ပါဝင်သဖြင့် ထောင်ဒဏ် ၆၅ နှစ် ကျခံခဲ့ရပြီး ၂၀၁၂ ခုနှစ် တွင် လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် ပြန်လည်လွတ် မြောက်လာခဲ့ သူဖြစ်သည်။

No comments:

Post a Comment