Monday, December 29, 2014

ပိတ်သိမ်း လိုက်သည့် စက်ရုံပစ္စည်းများကို လေလံတင်ရောင်းပြီး အလုပ်သမား များအား နစ်နာကြေးပေး

ခင်မြတ်မြတ်ဝေ

လှိုင်သာယာစက်မှုဇုန် (၇)ရှိ တောင်ကိုရီးယားနိုင်ငံ သားပိုင်သည့် The Myth Apparel အထည် ချုပ်စက်ရုံမှ အလုပ်သမား များအား လုပ်ခလစာ မပေးပဲ စက်ရုံပိတ်သိမ်းလိုက်ခြင်းကြောင့် စက်ရုံရှိပစ္စည်းများကို လေလံတင် ရောင်းချပြီး ရရှိသည့်ငွေဖြင့် အလုပ်သမားများအား လုပ်ခလစာနှင့် နစ်နာကြေး ကို အလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ရက်တွင် ပေးအပ်ခဲ့သည်။

လုပ်ခလစာနှင့်နစ်နာကြေးကို လှိုင်သာယာရှိ ကနောင်မင်းသားခန်းမတွင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အလုပ်သမား ၈၉၉ဦးအတွက် ကျပ်သိန်းပေါင်း ၂၇၅၉၇၁၃ပေး အပ်ခဲ့သည်။

“ဒီစက်ရုံက ပြဿနာဖြစ်နေပြီဆိုတာသိတော့ ပြည်ထွက်ခွင့်ကို မပေးဘူး။ ပြဿနာတွေကို သူ့ကိုရှင်းခိုင်းတော့ နောက်ဆုံး ဒီမှာပဲ အခုလိုဖြေရှင်းနိုင်တာ့ပေါ့။ ဒီစက်ရုံကိုဝယ်သွားတဲ့သူကိုလည်း အမြန်ဆုံး စက်ရုံကို ပြန်ဖွင့်နိုင်အောင်၊ ဒီအလုပ်သမားတွေကိုလည်း အလုပ်ပြန်ခန့်နိုင်အောင် စီစဉ်နေပါတယ်” ဟု အလုပ် သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဦးအေးမြင့်က ပြောသည်။

ယင်းပစ္စည်းများကို (၇၉၇)မျိုးကို ကုန်ကြမ်း၊ ကုန်ချောပစ္စည်း (၁၉၈၅၆)အခြားမပြောင်းရွေးနိုင်သည့် ပစ္စည်းများ အပါအ၀င် စုစုပေါင်း (၂၂၉၈၉) မျိုး ကိုလေး လံတင်ရောင်းချရန်နိုဝင်ဘာ ၂၉ရက်နေ့တွင်ကြေငြာခဲ့သည်။

စက်ရုံရှိ ပစ္စည်းပေါင်း ၂၂၉၈မျိုးကို လေလံတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၅ရက်တွင် ကိုရီးယားနိုင်ငံသား Kim Hyuk Kee က ကြမ်းခင်းဈေး သိန်း ၂၈၈၀ ဖြင့် လေလံအောင်ခဲ့သည်။

အဆိုပါ စက်ရုံအနေဖြင့် အလုပ်သမားများအား အောက်တိုဘာလ လစာအပြင် နိုဝင်ဘာ ၁၈ရက်နေ့ထိ လုပ်ခလစာကိုမပေးပဲ စက်ရုံကို ပိတ်သိမ်း ခဲ့ခြင်းဖြစ် သည်။

No comments:

Post a Comment