ဝင်းကိုကိုလတ်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ခုနှစ်အတွင်း ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ပဲခူးတိုင်းဒေ သကြီး၊ ပဲခူးမြို့သို့ လာမည့် ဇန်နဝါရီလ ၃ ရက်တွင် သွားရောက်မည်ဟု ပါတီတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
ပဲခူးတိုင်းဒေသကြီး၊ ဗဟိုကော်မတီဝင် ဦးမြင့်ဦးက "ကျွန်တော်တို့ရည်မှန်းထား တာတော့ ဇန်နဝါရီလ ၃ ရက်ပါ၊ ပဲခူးရွှေမော်ဓော ဘုရားကွင်း မှာပါ’’ ဟု တယ် လီဖုန်းမှ တစ်ဆင့် ဖြေကြားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်က ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တောင်သူလယ် သမားညီလာခံပြု လုပ်ပြီး ၂၂ ရက်က ပဲခူးမြို့သို့ ပါတီ စည်းရုံးရေး ခရီးစဉ် သွားရောက် အပြီး နှစ်ပတ်ခန့်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်က သွားရောက် ခြင်းဖြစ်သည်။
ပါတီအနေဖြင့် ဘုရားဂေါပ ကလူကြီး များထံ ခွင့်ပြုချက် တင်ပြ ထားပြီး ရရှိပြီးပါက သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များသို့ ဆက်လက်တင်ပြ ခွင့်ပြုချက် ရယူ သွားမည်ဟု သနပ်ပင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးမြင့်ဦးက ပြောသည်။
ထို့ပြင်ဇန်န၀ါရီလ ၁၀ ရက် သို့မဟုတ် ၁၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ တွင်လည်း လူထုဟောပြောပွဲ တစ်ရပ်ကို ထပ်မံ ကျင်းပသွား မည်ဟုလည်း ၎င်းက ဆက်လက်ပြော ကြားသည်။
ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးသို့လည်း ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလအတွင်းမှာပင် သွားရောက် ရန်စီစဉ် ထားသည်ဟု ပြောသည်။
၎င်းက "၂၀၁၅ ကို ကျွန်တော်တို့ ပါတီက စည်းရုံးရေးနှစ် အဖြစ် သတ်မှတ်ထား သလိုဒေါ်အောင် ဆန်းစုကြည် ကလည်းနိုင်ငံ အတွက်၊ပြည်သူ အတွက် အရေး ကြီးတဲ့ နှစ်လို့ သတ်မှတ်ထားပါတယ်’’ ဟု ဖြည့်စွက်ပြောသည်။
၂၀၀၃ ခုနှစ်၊ မေလ ၃၀ ဒီပဲယင်းဖြစ်စဉ်အပြီး နေအိမ် အကျယ်ချုပ် ထပ်မံ ကျခဲ့ပြီး၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် လွတ်မြောက် ခဲ့သည့်ဒေါ်အောင် ဆန်းစုကြည်သည် ၂၀၁၁ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးပြင်ပခရီးစဉ်အဖြစ် ပဲခူးတိုင်းဒေသကြီးသို့ ပထမဆုံးသွားရောက်ခဲ့သည်။
ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ၂၀၁၅ ခုနှစ်၊ အောက်တိုဘာသို့မဟုတ် နိုဝင်ဘာလတွင် ကျင်းပပေး မည်ဟု ကတိပြုထား သည့်ရွေးကောက် ပွဲများ တွင် လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် အတိုက် အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တို့သည် အဓိက ပြိုင်ဖက် များဖြစ်လာ မည်ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မပါဝင်သည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ တွင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက အငြင်းပွား ဖွယ်ရလဒ် အချို့ ဖြင့်နေရာအများ စုအနိုင်ရ ခဲ့သော်လည်း ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲတွင်မူ အဖွဲ့ချုပ်က ရာနှုန်းပြည့်နီးပါး အနိုင်ရခဲ့သည်။
No comments:
Post a Comment