Tuesday, December 2, 2014

မြို့ပြအိမ်ရာ ဖွံ့ဖြိုးရေး အတွက် နိုင်ငံတော် အဆင့်အဖွဲ့ အစည်း တစ်ရပ် လိုအပ်နေ

နိုင်နိုင်ဇော်

နိုင်ငံ၏ မြို့ပြအိမ်ရာ လိုအပ်မှု ပြဿနာ ဖြေရှင်းရန် နိုင်ငံတော်အဆင့် အဖွဲ့အ စည်းတစ်ရပ် အရေး တကြီး လိုအပ် နေပြီဟု မြို့ရွာနှင့် အိုး အိမ်ဖွံ့ဖြိုး ရေးဦးစီး ဌာနတာဝန် ရှိသူတစ်ဦးက ပြောသည်။

မြို့ပြဖွံ့ ဖြိုးမှုနှင့် နေထိုင်ရာ အဆောက် အအုံ လိုအပ်ချက်မှာ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ရှိနေခြင်းကြောင့် ယင်းပြဿနာကို ကိုင်တွယ်ရန် နိုင်ငံတော် အဆင့်မှသာ ဖြေရှင်း နိုင်မည်ဟု အဆို ပါဌာန လက်ထောက်ညွှန် ကြားရေးမှူး ဦးစိုင်းသက်နိုင်မိုးက ပြောသည်။

ဦးစိုင်းသက်နိုင်မိုးက “နိုင်ငံ အလိုက် အိမ်ရာလို အပ်ချက်က ကြီးနေတယ်။ ဒါကိုဖြေ ရှင်းဖို့ နိုင်ငံတော် အဆင့် လူကြီး တွေပါမှ လိုအပ်တဲ့ ဥပဒေတွေ၊ ညွှန်ကြား ချက်တွေ လိုတယ်။ ပုဂ္ဂလိက ကဏ္ဍလည်း ပါဝင်လုပ်ဆောင် ဖို့တွေ လိုအပ်တဲ့ အတွက် ဒီလိုအဖွဲ့ အစည်းမျိုး မှပဲရမယ်” ဟု ဆိုသည်။

အိမ်ရာလိုအပ်ချက် ရှိနေမှုကို ဖြေရှင်းရန် အိုးအိမ်ဌာနမှ တန်ဖိုးနည်း အိမ်ရာအပြင် လိုအပ်သော ဥပဒေများ၊ ပညာရှင် များဖြင့် ပူးပေါင်း လုပ်နေသော်လည်း ကျူးကျော်ပြ ဿနာများ၊ အိမ်ရာ တည်ဆောက်ရန် မြေနေရာ ရှားပါး လာမှုများ ရှိနေသည် ဟုလည်း ၎င်းက ထပ်မံပြောသည်။

မြို့ပြဖွံ့ ဖြိုးမှုမှာ ရေရှည်ဖြေ ရှင်းရမည့် ပြဿနာဖြစ်ပြီး အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေး အတွက် ပြင်ဆင်စရာ ဥပဒေများ ရှိနေပြီ်း ပုဂ္ဂလိကမှ ဆောက်လုပ် နေသည့် အိမ်ရာတိုက် ခန်းများ အတွက်လည်း အရည်အသွေး စစ်ဆေးမှု များကိုလည်း အိုးအိမ်ဌာန တစ်ခုတည်း မလုပ်ဆောင်နိုင်ကြောင်း၊ အိမ်ရာ ကဏ္ဍဖွံ့ဖြိုး ရေးတွင် Housing Bank စနစ်များလည်း ဖွံ့ဖြိုးရန် လိုအပ် နေသေး ဟုလည်း အိုးအိမ်ဌာနက ပြောသည်။

ယခုအချိန်တွင် အိုးအိမ်ဌာနမှ လိုအပ်နေသော အိမ်ရာတည် ဆောက်ပေး မှုထက် မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးတိုးတက် ရေးကိုသာ ထောက်ပံ့ပေး သည့်အဖွဲ့အ စည်းအဖြစ် ပြုပြင်းပြောင်း လဲနေမှုကြောင့် နောင်တွင် ပုဂ္ဂလိက လုပ်ငန်း များ ပိုမိုတိုး တက်စေရန် ပံ့ပိုးမှုများ လိုအပ်နေခြင်း ဟုလည်း ဦးစိုင်းသက်နိုင်မိုး က ပြောသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှု လုပ်ငန်းရှင် အသင်း ထုတ်ပြန် ချက်အရ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် နှစ်စဉ် အိမ်ရာလို အပ်ချက်မှာ ငါးသောင်းကျော် အထိ မြင့်တက်လာ နေကြောင်း ပြောဆို ထားသည်။ ယင်းအခက် အခဲကို ဖြေရှင်းနိုင် ရေးအတွက် တန်ဖိုးနည်း အိမ်ရာများလိုအပ်နေပြီး ယင်းအိမ်ရာ စီမံကိန်း များတွင် ပုဂ္ဂလိက လုပ်ငန်းရှင် များ ပါဝင်ရန် လုပ်ငန်းတည် ဆောက်မှုမြေ နေရာ အတွက် အစိုးရ မှမြေနေရာ စီမံပေး မှသာ အဆင်ပြေနိုင် မည်ဟု အဆိုပါ အသင်း ပြန်ကြားရေး တာဝန်ခံ ဦးကျော်ကျော် ညီညီလတ်က ပြောသည်။

No comments:

Post a Comment