Sunday, December 28, 2014

Miss Asean 2014 ယှဉ်ပြိုင်ရန် မြန်မာ အလှမယ် နှစ်ဦး ထိုင်းနိုင်ငံသို့ ထွက်ခွာ

ပန်းမြတ်ဇော်

Miss Asean 2014 ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာ အလှမယ် နှစ်ဦးနှင့် Style Plus H သင်တန်းကျောင်းမှ မလှနုထွန်း တို့သည် ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်သို့ ထွက်ခွာ သွားပြီ ဖြစ်ကြောင်း မလှနုထွန်း၏ ဖေ့ဘွတ် တွင် ရေးသား ဖော်ပြထားသည်။

ယင်းပြိုင်ပွဲကို ဒီဇင်ဘာ ၂၅ ရက်မှ ၃၀ ရက်အထိ ကျင်းပမည် ဖြစ်ပြီး အာဆီယံနိုင်ငံ တစ်နိုင်ငံချင်းစီမှ အလှမယ် နှစ်ဦးစီ ဝင်ရောက် ယှဉ်ပြိုင် ကြမည်ဟု ရေးသားထားသည်။ မြန်မာနိုင်ငံမှ ၀င်ရောက် ယှဉ်ပြိုင်မည့် အလှမယ် နှစ်ဦးသည် ကြိုတင် လေ့ကျင့်မှုများကို Style Plus H သင်တန်းကျောင်းတွင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး အာဆီယံနှင့် ပတ်သက်သည့် ဗဟုသုတ အမေး အဖြေ ကဏ္ဍများ ကိုလည်းလေ့ကျင့် ခဲ့ခြင်းဖြစ်သည်။

Miss Asean 2014 ပြိုင်ပွဲကို ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံမှ အောန်ဆိုင်း၊ မာရီရာ နာဂ၊ ၂၀၁၂ ခုနှစ်တွင် ခင်ရူပနှင့် နှင်းယမုံဦး၊ ၂၀၁၃ ခုနှစ်တွင် ငွေနှင်းမှုံ၊ ဝမ်းသီရိဖြိုးတို့ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြပြီး ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ Miss Global International Myanmar 2014 အေးချမ်းမြေ့ နှင့် လဲ့ယမင်းဦးတို့ ဝင်ရောက် ယှဉ်ပြိုင်နေကြသည်။

ယင်း ပြိုင်ပွဲတွင် Miss Social Networking Award ဆုကို ချီးမြှင့်မည် ဖြစ်ပြီး အွန်လိုင်း မဲပေးစနစ်ကို ဒီဇင်ဘာ ၁၂ ရက်က စတင် ခဲ့ခြင်းဖြစ် ကာလက်ရှိ အွန်လိုင်းမဲပေး စနစ်တွင် ဖိလစ်ပိုင် နိုင်ငံမှ မဲနှစ်သောင်းကျော် ရရှိလျက်ရှိပြီး မြန်မာနိုင်ငံမှ မဲအရေ အတွက် ထောင်ကျော် သာ ရရှိသည့် အနေအထား ဖြစ်၍ နေသည်။

ယင်း ပြိုင်ပွဲတွင် Miss Social Networking Award ဆုအတွက် Miss Asean 2014 ဖေ့ဘွတ် စာမျက်နှာတွင် ဝင်ရောက်ကာ ပြိုင်ပွဲဝင် များ၏ ဓာတ်ပုံ အောက်တွင် Like ပေးနိုင်ပြီး Like အများဆုံး ရရှိသည့် နိုင်ငံမှ Miss Social Networking Award ဆုကို ရရှိမည် ဖြစ်ကာ ယင်းဆု ရရှိသည့် နိုင်ငံကို ဆုကြေးငွေ ချီးမြင့် ပေးမည် ဖြစ်သည်။

လက်ရှိတွင် Style Plus H မှ အလှမယ် တစ်ဦးပင် ဖြစ်သည့် သဲထက်မောင် သည်လည်း မလေးရှား နိုင်ငံတွင် ပြုလုပ်သည့် Miss Tourism International 2014 ပြိုင်ပွဲ သို့ ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိသည်။

No comments:

Post a Comment