မင်းမင်း
အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (မဘသ) အဖွဲ့ဝင်များသည် သတိရှိကြရန် မဘသ (ဗဟို) ၏ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တတိလောကာဝံသက မိန့်ကြားလိုက်သည်။
ဆရာတော် ဘဒ္ဒန္တတိလောကာဝံသ၏ ကျောင်းတိုက်တည်ရှိရာ အင်းစိန်ရွာမ ကျောင်းတိုက်တွင် ဗုံးပေါက်ကွဲမည်ဟု ဇန်နဝါရီ ၂၃ ရက်ညပိုင်းက တယ်လီဖုန်းဖြင့် ခြိမ်းခြောက်ခံပြီးနောက် ယခုကဲ့သို့ သတိပေးလိုက်ခြင်း ဖြစ်သည်။
ဆရာတော်၏ တပည့်ဖြစ်သူ မဘသ အဖွဲ့ဝင် ကိုနေမျိုးကျော်က ''မဘသ ကိုယ်တော်တွေ အားလုံးကို သတိနဲ့ လုပ်ကြ၊ ကိုင်ကြဖို့ သြဝါဒပေးထားတယ်။ အမျိုးဘာသာ သာသနာ လုပ်နေကိုင်နေကြတဲ့ ပုဂ္ဂိုလ်တွေကိုပေါ့။ ဆရာတော်က ထူးခြားသြဝါဒပေးတာ သိပ်မရှိပါဘူး။ အဲ့တစ်ခုပါပဲ။ အားလုံး သတိထားပြီးတော့ ဆက်လက်ဆောင်ရွက်ကြဖို့ အဓိကထားပြီးပြောတာ'' ဟု မဇ္ဈိမကို ပြောသည်။
ကျောင်းဝင်းအတွင်း ဗုံးပေါက်ကွဲမည်ဟု ဆရာတော် ဘဒ္ဒန္တတိလောကာဝံသထံ တယ်လီဖုန်းမှတစ်ဆင့် ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ပြီး အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့ အပါအဝင် တပ်မတော်က ကျောင်းတိုက်တံခါးကို ပိတ်ပြီး ရုတ်ချည်း ဝင်ရောက်ရှာဖွေခဲ့ကြသော်လည်း ဖောက်ခွဲရေးပစ္စည်း တစ်စုံတစ်ရာ တွေ့ရှိခဲ့ခြင်း မရှိပေ။
No comments:
Post a Comment