Thursday, January 29, 2015

SNLD နှင့် လ၀က ပူးပေါင်း ကျေးလက်ရွာသားများအား မှတ်ပုံတင် ပြုလုပ်ပေး

သျှမ်းသံတော်ဆင့်

သျှမ်း တိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မြို့နယ် လ၀က အဖွဲ့တို့ ပူးပေါင်း၍ ကျေးလက် အတွင်း မှတ်ပုံတင်ပြု လုပ်ပေးသည့် လှုပ်ရှားမှု သျှမ်းပြည် တောင်ပိုင်း လဲချား မြို့နယ်တွင် ပြုလုပ် နေကြောင်း စုံစမ်း သိရှိရ ပါသည်။

မှတ်ပုံတင်မရှိသေးသည့် ၁၈ နှစ်ပြည့်သူများအား မှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်လဲလှယ်ပေးခြင်းအပြင် အိမ်ထောင်စုစာရင်းမရှိသူများကိုပါ အသစ် ပြုလုပ်ပေးခြင်းများ လုပ်ဆောင် နေသည်ဟု SNLD ပါတီ၏ လဲချားမြို့နယ် အမတ် စိုင်းကျော်ဇေယျက ပြောပါသည်။

“ ကျနော်တို့ SNLD နဲ့ လဲချားလ၀က နဲ့တွဲလုပ်တာက အခု ပထမအကြိမ်ပေါ့နော်။ ၂၀၁၅ မဲဆန္ဒရှင်များစာရင်း အတွက် ပြင်ဆင်ချက်ပါ။ အစက ၁ ရက်တည်းနဲ့အပြီးလုပ်နိုင်မယ်ထင်ခဲ့တယ်။ ရောက်လာတဲ့ရွာသားတွေက ၅၀၀ ကျော်လောက် ရှိတယ်။ နောက်ထပ် ၂ ရက်လောက်လုပ်ရမယ်ထင်တာဘဲ။ ဒုတိယအကြိမ်ကိုတော့ လာမယ့် ဂျူလိုင်လလောက်မှာ အပြီးလုပ်ပေးမယ်လို့ လျာထားပါတယ်” ဟု ဆိုပါသည်။

နောင်ကော်အုပ်စုသည် လဲချားမြို့နယ်အရှေ့မြောက်ဘက်တွင်တည်ရှိပြီး နောင်ကော်အုပ်စုအောက်တွင် ကျေးရွာ ၁၀ ရွာရှိပါသည်။ ကုန်းကပ်၊ ဝမ်မိုင်၊ ဝမ်ပုတ်၊ ဝမ်နောင်ခယ်၊ ဝမ်ပုံကေ၊ ဝမ်မလန်း၊ ဝမ့်ကုန်းတောက်၊ ကုန်းလင်း၊ ဝမ့်ဝမ်နှင့် မှတ်ပုံတင်လုပ်ပေးနေသော ကန်းအွန်ရွာ တို့ ဖြစ်ပါသည်။

No comments:

Post a Comment