Monday, February 2, 2015

ကျိုက္ကဆံကွင်း၌ အားကစား သိပ္ပံအဆောက် အအုံနှင့် စီးပွားရေး ဗဟိုနေရာတို့ကို ဂျပန်အုပ်စု တည်ဆောက်မည်

သီဟကိုကို

ရန်ကုန် မြို့ရှိ ကျိုက္ကဆံ ကွင်းတွင် အားကစားနှင့် ကာယ ပညာ သိပံ္ပ အဆောက် အအုံ နှင့် စီးပွားရေး ဗဟို ဧရိယာ Central Business District ကို ဂျပန် ကုမ္ပဏီ အုပ်စုများက ပူးပေါင်းဆောင် ရွက်သွားမည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦး ကပြော ကြားသည်။

ကျိုက္ကဆံကွင်း ဧရိယာတွင် အားကစားနှင့် ကာယ ပညာ သိပံ္ပ အဆောက် အအုံ အဆင့်မြှင့် တင်ရေးနှင့် စီးပွားရေး ဗဟို ဧရိယာ Central Business District အကောင် အထည်ဖော်ရေး တို့ကို ဂျပန်နိုင်ငံ မှအိမ်ရာ အဆောက် အအုံ ကုမ္ပဏီဖြစ်သည့် Raysum ကုမ္ပဏီ၊ Ikeya ကော်ပိုရေး ရှင်း၊ Mariana ရင်းနှီးမြှုပ်နှံ မှုကုမ္ပဏီတို့ ပူးပေါင်း ထားသော စင်ကာ ပူနိုင်ငံ၌ မှတ်ပုံတင် ထားသည့်Kyaik Ka San Land Development ကုမ္ပဏီက ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်သည်။

Kyaik Ka San Land Developmentကုမ္ပဏီမှ တာဝန်ရှိ သူများသည် အဆိုပါ စီမံကိန်းများ အကောင်အ ထည်ဖော်ရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေများ၊ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ် ခြင်းဆိုင်ရာ အချက်အလက် များအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေး ရာဝန်ကြီး ဌာန၊ ဒုတိယ ဝန်ကြီးများနှင့် လာရောက်ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

Central Business District (CBD) ဒီဇိုင်းကို၂ဝ၂ဝ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ၌ ကျင်းပမည့် အိုလံပစ် အားကစား မြို့ဒီဇိုင်းကို တာဝန် ယူရေး ဆွဲမည့် Aszusa Sekkei ကုမ္ပဏီ ကရေးဆွဲပေး မည်ဖြစ်ပြီး Mitsubishi ကုမ္ပဏီက တည်ဆောက် သွားရန် စီစဉ် ထားခြင်းဖြစ်သည်။

Central Business District တွင် Aeon Mall ကုမ္ပဏီ ကဈေးဝယ်စင် တာများကို တည်ဆောက် ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံရှိ ကုမ္ပဏီ အုပ်စုကြီး များကလည်း ရင်းနှီးမြှုပ်နှံ သွားကြမည်ဖြစ်သည်။

Central Business District ကို စွမ်းအင်ချွေတာရေး၊ ကာဗွန်ထုတ်လုပ် မှုလျော့နည်းရေး၊ ပတ်ဝန်းကျင်ထိ ခိုက်မှု အနည်းဆုံးဖြစ်စေရေးတို့ကို အဓိကဦးတည် ထား၍ တည်ဆောက် သွားမည်ဖြစ်ပြီး နိုင်ငံတကာအ ဆင့်မီ ဝန်ဆောင် မှုပေးနိုင်မည့် စီးပွားရေး ဧရိယာ ဖြစ်လာစေရန် အကောင် အထည်ဖော် သွားမည်ဖြစ် သည်။

Kyaik Ka San Land Development ကုမ္ပဏီမှ တာဝန်ရှိ သူများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ် များအတွက် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာ နမှ တာဝန် ရှိသူများနှင့် လာရောက်တွေ့ ဆုံဆွေးနွေး ခဲ့သေးသည်။

လက်ရှိ အချိန်၌ ကျိုက္ကဆံ လမ်းမကြီးတွင် တရုတ်နိုင်ငံပိုင် ဆောက်လုပ်ရေး လုပ်ငန်းစု တစ်ခုဖြစ်သော China Construction က ၃၄ ထပ်အမြင့်ရှိ Polo Club (Asia) Residence ကိုလည်း အကောင် အထည်ဖော် တည်ဆောက် လျက်ရှိသည်။

No comments:

Post a Comment