Sunday, February 1, 2015

ဒဂုံဆိပ်ကမ်းမြို့နယ် စီမံကိန်းမြေနေရာရှိ ကျူးကျော်အိမ်ခြေ ၁၅၀ ကျော် ဖျက်သိမ်းခံရ တိုင်းအစိုးရနှင့်သာ သက်ဆိုင်ဟု မြို့တော်စည်ပင် ဌာနမှူး ပြော

ထက်ထက်အောင်

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျီစုရပ်ကွက်အနီး စီမံကိန်းမြေနေရာရှိ ကျုးကျော်အိမ် ၁၅ဝ ကျော်ကို ဇန်နဝါရီ ၃ဝ ရက် နံနက်ပိုင်းက ဖျက်သိမ်းမှု သည်ရန်ကုန်တိုင်းဒေသ ကြီးအစိုးရနှင့်သာ သက်ဆိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ ဆက်သွယ်ရေးနှင့်ပြန် ကြားရေးဌာန မှူးထံမှ စုံစမ်းသိ ရှိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးဌာနမှူး ''ဒီကိစ္စက ရန်ကုန်တိုင်းဒေသကြီး အစိုးရကကိုင်တွယ်ပြီး အရှေ့ပိုင်း ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးပြီး လုပ်ဆောင်တာ ပါ။ စည်ပင်နဲ့ မဆိုင်ပါဘူး''ဟု မဇ္ဈိမ ကိုပြောသည်။

ယင်းနှင့် ပတ်သက်၍ ဒဂုံဆိပ် ကမ်းမြို့နယ် အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်း ခဲ့ရာ'' ဒီမြေနေ ရာတွေ အတွက် စုစုပေါင်းလျော်ကြေးငွေကျပ် သိန်းပေါင်း တစ်ရာ့နှစ်သောင်းပေး ပြီးပါပြီ။ ဒီနေ ရာကို ဖယ်ရှားပေးဖို့ ဒေသန္တရအမိန့် (၁၈၈)ပေးပြီး ပါပြီ။ ပြီးတော့ သတိပေး စာတွေကို ပြီးခဲ့ တဲ့နှစ်အောက်တို ဘာ၊နိုဝင် ဘာ၊ ဒီဇင်ဘာ လတွေမှာ သုံးကြိမ် တိုင်ပေးပို့ပြီး သားပါ'' ဟုဆိုသည်။

ဒဂုံ ဆိပ်ကမ်း မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူး သန်းညွန့်က ''နံနက် လင်းချိန် ၆ နာရီ ၁၅လောက်မှာ ဖယ်ရှား တာပါ။ ရဲဝန်ထမ်းတွေ ကတော့ လုံခြုံရေး လုပ်ပေးရုံ သက်သက်ပဲ။ သိရ သလောက် ကတော့ နစ်နာကြေးပေးပြီး သား လို့ သိထား ပါတယ်''ဟု ဆိုသည်။

အဆိုပါ ဖယ်ရှားခံ ရသောနေရာတွင် နေထိုင်သူ ကိုအေးကိုက ''နံနက် ၃ နာရီလောက်ကလူစု ပြီးလေး နာရီလောက်မှာ အင်အားရှစ် ရာကျော်လောက် နဲ့လာ ဖျက်တာပါ။ ရဲကား ၅ဝ ကျော်လောက် လာတယ်။ ရဲတွေ ကတော့ လူတွေကို ဘာမှမလုပ်ပါဘူး။ ကျွန်တော်တို့ သတိပေးစာ သုံးကြိမ်ရ ပြီးပါပြီ။

လယ်သမားမိသားစုတွေ ကတော့လျော်ကြေးရပြီး ကျန်တဲ့မိသားစုတွေ ကိုတော့တစ်လ ဘယ်လောက်နှုန်း ဆိုပြီးလျော်ကြေးပေးနေ တာတွေက ကျန်နေသေး တယ်။ ဒီကိစ္စတွေ အတွက် ဆန္ဒထုတ်ဖော် သွားမယ်'' ဟုဆိုသည်။

ရန်ကုန် တိုင်းဒေသကြီးအတွင်း ကျူးကျော် အိမ်ထောင် စုပေါင်းလေးသောင်းခန့် ရှိသည်ဟု စည်ပင် ကသတင်း ထုတ်ပြန် ထားပြီး ကျူးကျော် ကိစ္စ များကိုပြေ လည်အောင် စနစ်တ ကျဖြေရှင်းရန် အချိန်လို အပ်သည် ဟုရွေးကောက်ခံ စည်ပင်ကော် မတီဝင်များ ကပြောကြား ထားဖူးသည်။

No comments:

Post a Comment