Thursday, February 26, 2015

နောက်ပြောင်၍ စအိုအတွင်းသို့ လေပိုက်နှင့်ထိုးခံရာမှ လူတစ်ဦးသေဆုံး

ကျော်စိုးမိုး

နောက်ပြောင်ပြီး စအိုအတွင်းသို့ လေပိုက်နှင့် ထိုးခြင်းခံရသဖြင့် အမျိုးသား တစ်ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၈ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်က အင်းစိန်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု အင်းစိန်မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ စက်မှုဇုန် (၄) ဆိပ်ကမ်းသာလမ်းရှိ ဆန်ဖြူဖွတ် စက်ရုံတွင် နေ့စားလုပ်ကိုင်သည့် အသက် ၂၅ နှစ်အရွယ် ကိုစန်းလွင်ဦးသည်ကတ္တားကုန်းမနေစဉ် စက်ရုံတွင် အလုပ်အတူတူ လုပ်ကိုင်နေသည့် အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးက နောက်ပြောင်ပြီး ကိုစန်းလွင်ဦး၏ စအိုအတွင်းသို့ လေဖိအား (၀ ဒသမ ၄)၊ လုံးပတ် ငါးမူးခန့်ရှိသည့် လေပိုက်ဖြင့် ထိုးခဲ့ခြင်း ဖြစ်သည်။

ထိုသို့လေပိုက်နှင့် ထိုးခံရသဖြင့် ကိုစန်းလွင်ဦးသည် ဝမ်းဗိုက်အောင့်ပြီး တက်သွားကာ အင်းစိန်ဆေးရုံသို့ ပို့ဆောင်၍ ကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ နောက်ပြောင်၍ ပေါ့ဆစွာပြုလုပ်ကြောင့် လူသေဆုံးစေခဲ့သူ အမျိုးသားကိုအရေး ယူပေးပါရန် ဒုရဲအုပ်လှအောင်က တရားလိုပြုတိုင်တန်းပြီး အင်းစိန်မြို့မရဲစခန်းက (ပ) ၁၅၆/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment