Thursday, February 26, 2015

စစ်ကိုင်းတိုင်း တရားခံပြေး ၉၀၀ တွင် ဖြူနှင်းထွေးနှင့် ဟန်ဝင်းအောင်အပါအ၀င် ဒေသခံ ၁၇ ဦးပါဝင်

ခင်မြတ်မြတ်ဝေ

စစ်ကိုင်းတိုင်းအတွင်း တရားခံပြေး ၉ဝဝ ရှိပြီး ထိုထဲလက်ပံတောင်းတောင်အရေးကို လုပ်ဆောင်နေသည့် ဗကသ ကျောင်းသူ မဖြူနှင်းထွေးနှင့် လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူ ဟန်ဝင်းအောင် အပါအဝင် လက်ပံတောင်းတောင်ဒေသခံ ၁၇ ဦးပါ ပါဝင်ကြောင်း စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေထွန်းက မဇ္ဈိမကို ပြောသည်။

ထို ၁၇ ဦးကို တရားခံပြေးများအဖြစ် ပါဝင်သည့်အတွက် ဇန်နဝါရီလ နောက်ဆုံးပတ်က​ ၎င်းတို့ ၁၇ ဦး နေထိုင်သည့် ရွာအပါအဝင် ပတ်ဝန်းကျင်ကျေးရွာများသို့ ၎င်းတို့၏ ပြစ်မှုများနှင့်တကွ ကျေးရွာအုပ်ချုပ်ရေး မှူးများထံသို့ အကြောင်းကြားစာ ပေးပို့ထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ အကြောင်းကြားစာနှင့် ပတ်သက်ပြီး ဖမ်းဝရမ်း ထုတ်ပြန်ထားခြင်း မဟုတ်ဘဲ ၎င်းတို့ ၁၇ ဦး ကျူး လွန်ထားသည့် ပြစ်မှုများနှင့် ပတ်သက်ပြီး ဒေသခံကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသားများသိရှိစေရန် အကြောင်းကြားခဲ့ခြင်းသာဖြစ်သည်ဟု ရဲမှူးကြီးနေထွန်းက ဆိုသည်။

''ဖမ်းဝရမ်းထုတ်တာ မဟုတ်ဘူး။ ဒီလူတွေ ဒီလူတွေက အမှုတွေကျူးလွန်ထားတဲ့ ပြစ်မှုတွေ ရှိတယ်ဆိုတာကို သူတို့နေထိုင်ခဲ့တယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးအကြောင်း ကြားစာပို့ပေးထားတယ်။

''ဒီ ၁၇ ယောက်က တစ်ယောက်နဲ့တစ် ယောက်ကတော့ အမှုတွေမတူဘူး။ တချို့ကလည်း ဆန္ဒပြလို့၊ ဆူပူလို့၊ လှုံ့ဆော်လို့ အမှုတွေ မတူကြပါဘူး'' ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ အမှုများနှင့်ပတ်သက်၍ ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တရားခံပြေးများတွင် ကိုဟန်ဝင်းအောင်၊ ကိုဗထူးနှင့် မဖြူနှင်းထွေး အပါအဝင် လူငယ်ကျောင်းသား ကိုးဦးနှင့် မိုးကြိုးပြင်ရွာ၊ ဆည်တည်းရွာနှင့် တုံရွာတို့က ဒေသခံရှစ်ဦး အပါအဝင် စုစုပေါင်း ၁၇ ဦးကို ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့က ၎င်းတို့နေထိုင်ခဲ့သည် ရပ်ရွာကျေးရွာများမှ အုပ်ချုပ်ရေးမှူးသို့ အသိပေးအ ကြောင်းကြားထားခြင်း ဖြစ်သည်။

No comments:

Post a Comment