Thursday, February 26, 2015

ဗုံးပေါက်ကွဲမှုအတွက် စွဲချက်ပယ်ဖျက်ပေးရန် တိုင်းတရားရုံးသို့ လျှောက်တင်ထားမှု အမှုတွဲပြန်မကျသေး

Mizzima

ပြီးခဲ့သည့် ၂ဝ၁၃၊ အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ယခင်ကုန်သည် ကြီးများဟိုတယ် (ဆူးလေ ရှန်ဂရီလာဟိုတယ်) ဗုံးပေါက်ကွဲမှုနှင့် ဝက်စ်တင်းန်ပါ့ခ် စားသောက်ဆိုင်တွင် ဗုံးတွေ့ရှိမှုအတွက် စွဲချက် တင်ခံထားရသူနှစ်ဦး၏ စွဲချက်ပယ်ဖျက်ပေးရန် ရန်ကုန်တိုင်းတရားလွှတ်တော် ရုံးသို့လျှောက်တင်ထားမှုမှာ အမှုတွဲ ပြန်မကျသေးသဖြင့် မစစ်ဆေးနိုင်သေးဟု အနောက်ပိုင်းခရိုင် တရားရုံး တွဲဖက်ခရိုင် တရားသူကြီး (၂) က ပြောသည်။

အဆိုပါဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိမှု ဖြစ်စဉ်များအတွက် စောမြင့်လွင်ကို ပေါက်ကွဲစေတတ်သော ဥပဒေ ပုဒ်မ -၃ ဖြင့် တရားစွဲဆိုထားပြီး ရွှေဖူးကုမ္ပဏီပိုင်ရှင် ဦးမြဖူးနှင့် ယာဉ်မောင်း ကိုဇော်လတ်မော်တို့ကို ပေါက်ကွဲစေတတ်သော ဥပဒေပုဒ်မ-၆ ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။ ပေါက်ကွဲစေတတ်သော ဥပဒေပုဒ်မ ၃ နှင့် ၆ သည် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်သည်။

ထို့ကြောင့် ဗုံးပေါက်ကွဲမှုတွင် ပါဝင်ပတ်သက်ခဲ့ခြင်းမရှိခဲ့သည့်အတွက် ဦးမြဖူးနှင့် ကိုဇော်လတ်မော်တို့က စွဲချက်ကိုပယ်ဖျက်ပေးရန် လျှောက်တင်မှုကို ရန်ကုန်တိုင်းတိုင်းတရားလွှတ်တော်ရုံးက ၂ဝ၁၄၊ ဇူလိုင်လ အတွင်း လက်ခံခဲ့ပြီး ယခုအချိန်ထိ အမှုတွဲပြန်မကျသေးသဖြင့် အမှုကို ခြောက်လနီးပါး တိုင်စစ်ဆေးနိုင်ခဲ့ ခြင်းမရှိပေ။

ပြစ်မှုတွင်ပါဝင်ပတ်သက်ခဲ့ခြင်း မရှိသဖြင့် စွဲချက်တင်ခံထားရသည့်ပုဒ်မမှ အမြန်ဆုံးလွတ်မြောက်စေလို သည်ဟု စွဲချက်တင်ခံထားရသည့် ကိုဇော်လတ်မော်၏ အစ်ကို ကိုမင်းဝေမော်က ပြောသည်။

၂ဝ၁၃၊ အောက်တိုဘာ ၁၄ ရက်က ယခင်ကုန်သည်ကြီးများဟိုတယ်တွင် ဗုံးပေါက်ကွဲခဲ့ပြီး ယင်းနေ့တွင်ပင် အလုံမြို့နယ်ရှိ စားသောက်ဆိုင်၌ မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးတွေ့ရှိခဲ့သည်။

No comments:

Post a Comment