Monday, February 2, 2015

သပိတ်စစ်ကြောင်းအတွင်း စရဖတဦး ကျောင်းသားဟန်ဆောင် သတင်းယူမှုဖြစ်ပွား

ဇော်ဖေ

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေတဲ့ မန္တလေးကနေ ရန်ကုန်ကို ချီတက်နေတဲ့ ကျောင်းသားစစ်ကြောင်း တည်းခိုနေတဲ့ ရေနံချောင်းမြို့စံပယ်ရုံ ကျောင်းတိုက်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ည ၁၀ နာရီလောက်က ကျောင်းသားတွေအတွင်းမှာ ရန်ကုန် မင်္ဂလာဒုံ စရဖတပ်က ဆိုသူတစ်ဦး ကျောင်းသားဟန်ဆောင် သတင်းယူမှုဖြစ်ပွားခဲ့လို့ ရဲစခန်းကို အပ်နှံခဲ့ပါတယ်။

ရန်ကုန်မှာ ၄ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးနေတာကြောင့် ကျောင်းသားစစ်ကြောင်းကို ချောက်မြို့နယ် ထန်းခြောက်ပင်ကျေးရွာ ရွာဦး ကျောင်းမှာ စစ်ကြောင်းရပ်နားပြီး တည်းခိုနေရာကနေ ဒေသခံအာဏာပိုင်တွေက ဖိအားပေးလို့ ရေနံချောင်းမြို့ကို ပြောင်းရွှေ့တည်း ခိုစဉ်မှာ ဖြစ်ပွားခဲ့တာပါ။ သံ ဃာတွေနဲ့ကျောင်းသားတွေကတော့ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင် ဆိုသူကို ရေနံချောင်း မြို့မရဲစခန်းကို စစ်မေးဖို့ အပ်နှံခဲ့ပါတယ်။

ရေနံချောင်း မြို့မရဲစခန်း စခန်းမှူး ဦးအောင်သန်းဝင်းက “သူကိုယ်တိုင် စရဖက သတင်းရယူဖို့ လာခဲ့တာလို့ ၀န်ခံထားပါတယ်။ သူကတပ်ဘက်ကဖြစ်ခဲ့ရင် တပ်ဥပဒေအရပဲ အရေးယူရမှာတွေလည်းရှိတော့ အထက်ကိုတင်ပြသွားပါမယ်။ အရပ်ဘက်ဥပဒေတွေနဲ့ အရေးယူလို့ရရင်လည်း အရေးယူသွားမှာပါ“ ဟု ကျောင်းသားခေါင်းဆောင်များနှင့် မီဒီယာများသို့ ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment