Monday, February 2, 2015

နိုင်ငံခြားသား ခရီးသည်များ စိတ်ဝင်စားသည့် ဂုတ်ထိပ် တံတား ခရီးစဉ်ကို စင်းလုံးငှား ရထားဖြင့်ပြေး ဆွဲပေးမည်

သီဟကိုကို

မန္တလေး-လားရှိုး ရထားလမ်းပိုင်း အတွင်းရှိ ကမ္ဘာကျော် ဂုတ်ထိပ် တံတားကြီးကို ဖြတ် သန်းကြည့်ရှုနိုင်မည့် ခရီးစဉ်ကို စင်းလုံးငှား ရထား ခရီးစဉ်ဖြင့် ဝန်ဆောင် မှုပေး သွားမည် ဟုမြန်မာ့ မီးရထားက အသိပေးကြေ ညာထားသည်။

ဂုတ်ထိပ် တံတားကို နိုင်ငံခြားသား ခရီးသည်များ စိတ်ဝင် တစား လာရောက်လေ့လာ ကြည့်ရှု လျက်ရှိ ပြီးမြန်မာ့ မီးရထားရှိ RGC-110 ရထားဖြင့် စင်းလုံးငှား အထူးခရီးစဉ် များပြေးဆွဲပေး သွားမည်ဖြစ်သည်။

ဂုတ်ထိပ်တံတား ကိုဖြတ်သန်းကြည့်ရှု နိုင်မည့်ခရီးစဉ်သည် နောင်ချိုဘူတာကို အခြေပြု ကာနောင်ပိန်ဘူ တာအထိ ခုတ်မောင်းပေးမည်ဖြစ် ပြီးနောင်ချိုဘူတာ မှနောင်ပိန် ဘူတာအထိ ၁၆ မိုင်ကွာဝေးကာ ဘူတာ နှစ်ခုအကြား ရထား ခုတ်မောင်းချိန် ၁ နာရီ ၁၅ မိနစ် ကြာမြင့် မည်ဖြစ်သည်။

အဆိုပါ လမ်းခရီးစဉ် အတွင်း ခရီးသည် များလေ့ လာကြည့် ရှုနိုင်ရေး အတွက် ဂုတ်တံ တားထိပ် တစ်ဖက်တစ် ချက်စီတွင် ၁ဝ မိနစ်စီ ရပ်နားပေး မည်ဖြစ်ပြီး တံတားကြီးပေါ် တွင်မူ ရပ်နားပေး သွားမည်မဟုတ်ဟု ဆိုသည်။

ခရီးစဉ်တစ်ခုအတွက် အဆန် (သို့) အစုန် စင်းလုံးငှားရမ်းခကို ကျပ်တစ်သိန်း သတ်မှတ်ထားပြီး ခရီးစဉ် ကိုနောင်ချိုဘူတာမှ စတင်စီး နင်းနိုင်သကဲ့ သို့နောင် ပိန်ဘူတာ မှလည်း စတင်စီး နင်းနိုင် မည်ဖြစ်သည်။

ဂုတ်ထိပ် တံတား ခရီးစဉ်ကို စင်းလုံး ငှားပြေး ဆွဲပေးမည့် RGC-110 တွင် ခရီးသည် ၂ဝ ထိုင်ခုံဖြင့် လိုက်ပါ စီးနင်းနိုင် မည်ဖြစ်ပြီး ရှုခင်းများ ကိုကြည့်ရှုကာ ဓာတ်ပုံ ရိုက်ကူးရန် စီစဉ်ပေး ထားမည်ဖြစ်သည်။

ပြည်တွင်း၊ ပြည်ပ ခရီးသည်များသည် အဆိုပါ ခရီးစဉ်ကို စီးနင်းလိုပါက အနည်းဆုံး သုံးရက်ကြိုတင်ဆက် သွယ်ငှားရမ်းရမည်ဖြစ် ပြီးနေ့ချင်း အသုံးပြု လိုသူ များရှိပါက ဦးစားပေး အလှည့်ကျ စနစ်ဖြင့် စီစဉ်ဆောင် ရွက်ပေးသွား မည်ဖြစ်သည်။

ဂုတ်ထိပ်တံတားသည် အရှည်ပေ၂,၂၆ဝ၊ တံတားအောက်ခြေမှ အမြင့်ပေ ၁,၁ဝဝတွင်ရှိပြီးပေ ၃ဝဝကျော်ရှိသည့် လျှိုကြီးနှစ် ဖက်ကိုဖြတ် သန်းတည်ဆောက် ထားခြင်းဖြစ်သည်။ ဂုတ်ထိပ်တံတားကို ၁၈၉၉ ခုနှစ်၌စတင် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ၁၉ဝ၃ ခုနှစ်တွင် စတင်အ သုံးပြုပြေး ဆွဲသည်။ အဆိုပါ တံတားသည် ရှမ်းပြည်နယ် ၊နောင်ချိုမြို့အနီးတွင် တည်ရှိ ပြီးမြန်မာနိုင်ငံ ရှိတံတား များတွင် အမြင့် ဆုံးတံတား တစ်စင်းဖြစ်သည်။

No comments:

Post a Comment