Thursday, February 26, 2015

ဖေ့ဘွတ်က ထည့်သွင်းပေးထားတဲ့ အသုံးဝင်မယ့် လုပ်ဆောင်ချက်များ

Mizzima

ပြည်တွင်းမှာ မိုဘိုင်းဖုန်း အသုံးပြုနိုင်မှုက လေးနှစ်အတွင်းမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့ပါတယ်။ မိုဘိုင်းသိပ်သည်း ဆများလာတာနဲ့အမျှ မိုဘိုင်း အင်တာနက်နဲ့ လူမှုကွန်ရက် အသုံးပြုမှုကလည်း တိုးတက် လာပါတယ်။ ကမ္ဘာကျော် လူမှုကွန်ရက် ဖေ့ဘွတ်ကို မြန်မာပြည်က အသုံးပြုသူ သုံးသန်းနီးပါးရှိတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။

ဖေ့ဘွတ်ကပေးထားတဲ့ အချက်တွေ အားလုံးထုတ်ရေးနေရင်ပြီးနိုင်မှာ မဟုတ်ပါဘူး။ ပြည်တွင်းမှာ ဖေ့ဘွတ်အသုံးပြုမှုများလာတဲ့အလျှောက် ဖေ့ဘွတ်ပေါ်မှာ လုပ်နိုင်တဲ့အချက်တွေထဲက အသုံးဝင်မယ့် တချို့ကို မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပြီး ဒီတစ်ပတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။


ကိုယ်ရေးတင်တဲ့ အချက်အလက်တွေကို ကန့်သတ်နိုင်တယ်

ဖေ့ဘွတ်မှာ ကိုယ်ရေးသားတဲ့ အကြောင်းအရာတွေကို တစ်ယောက်တစ်မျိုး ဝင်ရောက်ပြောဆိုနေကြတာ စိတ် ပျက်စရာပါပဲ။ ဒီလိုဖြစ်တာကို ထိန်းချုပ်နိုင်အောင် ဖေ့ဘွတ်က ဆောင်ရွက်ပေးထားပါတယ်။ Privacy Setting ထဲက Who can see my future post ဆိုတဲ့နေရာမှာ Public ပေးထားတာကို Custom အဖြစ် ပြောင်းလိုက်ရင် Share this with ဆိုတဲ့နေရာမှာ ကိုယ့်ပို့စ်တွေကို ဘယ်သူတွေပဲ မြင်ရမယ်ဆိုတာမျိုး ကန့်သတ်နိုင်ပါတယ်။

ဒါမှမဟုတ် Don't share this with ဆိုတဲ့နေရာမှာ ကိုယ်တင်တဲ့ပို့စ်တွေကို ဘယ်သူတွေ မမြင်စေချင်ဘူး ဆိုတာမျိုး ကန့်သတ်လို့ရပါတယ်လို့ ရပါတယ်။

လူမှုကွန်ရက်ပေါ်မှာ လွတ်လွတ်လပ်လပ် အသုံးပြုချင်ပေမယ့် မလိုလားတဲ့ အနှောင့်အယှက်တွေ မဖြစ်ချင် ဘူးဆိုရင် ဖေ့ဘွတ်ရဲ့ ဒီလုပ်ဆောင်ချက်က အတော်ကိုအသုံးဝင်ပါတယ်။


ဖေ့ဘွတ်ပေါ်က ကြော်ငြာတွေကို ဖယ်ရှားပစ်နိုင်တယ်

ကိုယ့်ရဲ့ News Feed မှာ ကြော်ငြာတွေနဲ့ရှုပ်နေတာကို မမြင်ချင်ဘူးဆိုရင် ဒီကြော်ငြာတွေကို ဖယ်ရှားနိုင် ပါတယ်။ ကိုယ့် News Feed မှာပေါ်လာတဲ့ ကြော်ငြာပို့စ်ရဲ့ ညာဘက်အပေါ်ထောင့်မှာရှိတဲ့ အမှားလက္ခ ဏာကိုနှိပ်ပြီးI don't want to see this ဆိုတာကို ရွေးချယ်ပြီး ဖျက်ပစ်နိုင်ပါတယ်။ အဲ့ဒီဖေ့ဘွတ်စာ မျက်နှာက တင်တဲ့နောက်ထပ်ကြော်ငြာတွေ ကိုယ့်ဆီကို ဝင်မလာစေချင်ရင်တော့ Hide all from ဆိုတာ ကို ရွေးချယ်လို့ရပါတယ်။ ကိုယ်က ကြော်ငြာတွေလုံးဝမလိုချင်ဘူးဆိုရင် နည်းနည်းတော့ အလုပ်ရှုပ်ခံ လိုက်ပါ။

ကန့်သတ်ထားတဲ့သူတွေပဲ ကိုယ်အွန်လိုင်းရှိနေတာကို သိနိုင်မယ်

အွန်လိုင်းရှိနေတယ်ဆိုတာကို ဖျောက်ထားလို့ရနိုင်ပါတယ်။ ဒါက သိပြီးဖြစ်ပါလိမ့်မယ်။ ကိုယ်ရွေးချယ်ထား တဲ့သူတွေကပဲ ကိုယ်အွန်လိုင်းမှာရှိနေတယ်ဆိုတာကို သိနိုင်အောင်လည်း ဖေ့ဘွတ်က ဆောင်ရွက်ပေး ထားပါတယ်။ ကိုယ့်သူငယ်ချင်းတွေထဲက အွန်လိုင်းရှိနေတဲ့သူတွေကိုပြတဲ့ နေရာရဲ့အောက်ဘက်မှာ စက်သွားပုံလေး ပြထားပါတယ်။ အဲဒါကိုနှိပ်ပြီး Advanced Setting ကိုရွေးချယ်လိုက်ရင် Turn on chat for only some friend ဆိုတဲ့အကွက်ထဲမှာ ကိုယ်အွန်လိုင်းရှိနေကြောင်း သိစေချင်တဲ့ သူငယ်ချင်းတချို့ ကို ရွေးချယ်နိုင်ပါတယ်။

လူမှုကွန်ရက်ပေါ်မှာ မိတ်ဆွေတွေ စကားလာပြောတာကြောင့် အနှောင့်အယှက်ဖြစ်နေတယ်ဆိုရင် ဒီလုပ် ဆောင်ချက်က အသုံးဝင်ပါတယ်။ လုံးဝပိတ်ထားတယ်ဆိုရင် ကိုယ်အွန်လိုင်းရှိကြောင်း သိစေချင်တဲ့သူ တွေပါ မသိနိုင်ဘူးဖြစ်သွားနိုင်ပါတယ်။

No comments:

Post a Comment