Wednesday, April 29, 2015

တယ်လီနောဖုန်းဖြင့် နီပေါသို့ ပြည်တွင်းခေါ်ဆိုခအတိုင်း ခေါ်နိုင်မည်

မဇ္ဈိမ

နီပေါနိုင်ငံတွင် ဧပြီ ၂၅ရက်က ပြင်းထန်သည့် ငလျင် လှုပ်ခတ်ခဲ့ကာ အသက်ဆုံးရှုံးမှုများ၊ ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် မြန်မာနိုင်ငံသားများ နီပေါမှ မိတ်ဆွေများထံ အလွယ်တကူ ဆက်သွယ်နိုင်ရန် ပြည်တွင်းခေါ်ဆိုခအတိုင်း တစ်မိနစ် ၂၅ကျပ်ဖြင့် ခေါ်ဆိုနိုင်မည်ဟု တယ်လီနော မြန်မာက ထုတ်ပြန်ထားသည်။

တယ်လီနော ဆင်းကတ် သုံးသူများအနေဖြင့် ဧပြီ ၂၆ရက် ညနေ ၅နာရီခွဲမှ ဧပြီ ၂၈ရက် ည ၁၂နာရီအထိ ထိုနှုန်းထားဖြင့် ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်သည်။

"ငလျှင်ဒဏ် ကြောင့် နီပေါနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဆုံးရှုံးမှုများအပေါ် တယ်လီနောမှ နီပေါနိုင်ငံသားများနှင့် ထပ်တူ များစွာဝမ်းနည်းမိပါသည်။ ထို့ကြောင့် တယ်လီနောမှ မိမိတို့ တတ်နိုင်သည့်ဘက်မှ ကူညီသည့်အနေဖြင့် မြန်မာနိုင်ငံအတွင်းမှ နီပေါနိုင်ငံအတွင်းရှိ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများနှင့် လွယ်ကူစွာ ဆက်သွယ်နိုင်ရန် တယ်လီနော Network ဖြင့် မြန်မာနိုင်ငံ မှ နီပေါနိုင်ငံ သို့ ဖုန်းခေါ်ဆိုရာတွင် ပြည်တွင်းခေါ်ဆိုခနှုန်းထား တစ်မိနစ် ၂၅ ကျပ် နှုန်းဖြင့် ခေါ်ဆိုခွင့်ပြုပေးထားပါတယ်"ဟု တယ်လီနောမြန်မာ၏ လူမှုကွန်ယက်တွင် ဖော်ပြထားသည်။

နီပေါနိုင်ငံ ခတ္တမဒူတောင်ကြားကို ဖျက်ဆီးပစ်ခဲ့သည့် ၇.၉ ပမာဏရှိ အင်အားကြီး ငလျင် လှုပ်ခတ်အပြီးတွင် လူများ အဆောက်အဦးများကြား ပိတ်မိခြင်း၊ ပိမိခြင်းများကြောင့် လူပေါင်း ၂၂၀၀ကျော် သေဆုံးခဲ့ပြီး လူ ၄၇၀၀ကျော် ဒဏ်ရာရခဲ့သည်။

ထို့ပြင် ဧပြီ ၂၆ရက်ကလည်း နီပေါတွင် နောက်ဆက်တွဲ အင်အား ၆.၇ အဆင့်ရှိ ငလျင် ထပ်မံလှုပ်ခတ်ခဲ့သေးသည်။

No comments:

Post a Comment