Wednesday, May 27, 2015

ရသေ့တောင်မြို့နယ် ANP ပါတီ လွှတ်တော်သုံးရပ် ကိုယ်စားလှယ်လောင်း ရွေးချယ်

နိရဉ္စရာ

ရခိုင်အမျိုးသားပါတီ (ANP) ၏ ရသေ့တောင်မြို့နယ် လွှတ်တော်သုံးရပ် ကိုယ်စားလှယ် သုံးရပ်၏ လွှတ်တော် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ပွဲကို ယနေ့ မေလ ၂၃ ရက်နေ့ နေ့လယ်တွင် စတင်မည်ဟုသိရသည်။

ANP ၏ ရသေ့တောင်မြို့နယ် အမှတ် (၁) နှင့် (၂) မဲဆန္ဒနယ်မြေမှ ပြည်နယ် လွတ်တော် ကိုယ်စားလှယ်ခြောက် ဦး ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ပြီး အမျိုးသားလွှတ်တော်တွင် သုံးဦးနှင့် ပြည်သူ့ လွှတ်တော်တွင် နှစ်ဦး ပါဝင် ယှဉ်ပြိုင်ကြမည်ဟု သိရသည်။

ရသေ့တောင်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ ပါဝင် ယှဉ်ပြိုင်မည့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် သုံးဦးမှာ ဦးလှမောင်သိန်း (လက်ရှိ လွှတ်တော်ကိုယ်စားလှယ်)၊ ဦးသန်းနိုင် နှင့် ဒေါ်စိုးစိုးဌေးတို့ ဖြစ်ကြသည်။

အမှတ် (၂) နယ်မြေမှ ပါဝင်ယှဉ်ပြိုင်မည့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း သုံးဦးမှာ ဦးဖိုးမင်း (လက်ရှိ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်)၊ ဦးကိုကိုမောင်နှင့် ဦးဦးသိန်းမောင်တို့ ဖြစ်ကြသည်။

ပြည်သူ့လွှတ်တော်တွင် ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးမှာ ဒေါ်ခင်စောဝေ ( လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)နှင့် ဦးမောင်လှမြင့်တို့ ဖြစ်ကြသည်။

အမျိုးသား လွှတ်တော်အတွက် နေရာအား ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ ဦးစံသာကျော် (ရသေ့တောင်)၊ ဦးခင်မောင်လတ် (လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)နှင့် ဦးမောင်နှောင်း (ပုဏ္ဍားကျွန်း) တို့ ဖြစ်ကြသည်။

ယခုအခါ လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ရန် ကျေးရွာ ကိုယ်စားပြု ရွေးချယ်ရေး ကော်မတီဝင် ၄၀၀ ခန့်မှာ ရသေ့တောင်မြို့ပေါ်သို့ ရောက်ရှိနေပြီး ရခိုင်အမျိုးသား ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များကို မဲစနစ်ဖြင့် ရွေးချယ်ကြမည်ဟု သိရသည်။

No comments:

Post a Comment