သစ်နေမိုး
မန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များ ကျန်ရှိနေသေးပြီး ကျန်ရှိနေသော ရေနံလုပ်ကွက် ၂၆ ခုအတွက် လာမည့် ၂၀၁၆ နှစ်ဦးမှ တင်ဒါခေါ်နိုင်မည် ဖြစ်ကြောင်းစွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) မှ ညွှန်ကြားရေးမှူး တဦးက ပြောသည်။
၂၀၁၆ ခုနှစ် နှစ်ဦးပိုင်းတွင် တင်ဒါခေါ်ယူမည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ၂၆ခုမှာ ကုန်းတွင်းလုပ်ကွက် ၁၃ ခုနှင့် ကမ်းလွန် လုပ်ကွက် ၁၃ ခုဖြစ်ပြီး ကမ်းလွန်လုပ်ကွက် ၁၃ခုတွင် ရေနက်ပိုင်းလုပ်ကွက် ၉ခုနှင့် ရေတိမ်လုပ်ကွက် ၄ခုတို့ ပါဝင် ကြောင်း ၊ စွမ်းအင်ဝန်ကြီးဌာနက ၂၀၁၃ခုနှစ်နှင့် ၂၀၁၄ခုနှစ်များတွင် ကမ်းလွန်နှင့် ကုန်းတွင်းလုပ်ကွက် ၃၆ ခုကို တင်ဒါ ခေါ်ယူ လုပ်ခွင့်ပေးခဲ့ကြောင်း သိရှိရသည်။
စွမ်းအင်ဝန်ကြီးဌာနက ပြည်တွင်း စွမ်းအင်လုပ်အပ်ချက်ကို ဖြည့်တင်းစေမည့် မူဝါတရပ် ချမှတ်ထားပြီးဖြစ်သော်လည်း လုပ်ကွက် သစ်များမှ စွမ်းအင် ထွက်ရှိရန် နှစ်ကာလအနည်းငယ် ကြာမြင်ဦးမည်ဖြစ်ကြောင်း၊ လက်ရှိ PTTEP ကုမ္ပဏီက လုပ်ကိုင်လျက်ရှိသော M3 လုပ်ကွက်သစ်မှ သဘာဝ ဓာတ်ငွေ့ထွက်ရှိမှုအခြေအနေမှာ အားရလောက်သည့် အနေအထား မရောက်ရှိသေးဟု သိရှိရသည်။
“M3 လုပ်ကွက်က ၂၀၁၃ခုနှစ်မှာ ဓါတ်ငွေ့ စတွေ့တယ်ပေါ့။ဒါပေမယ့် တွေ့တဲ့ဟာက အားရလောက်တဲ့ အနေအထား မရှိ သေး ဘူး။ ဒါကိုထပ်တူးလို့ ရောင်းလို့ရတဲ့ အခြေအနေဆိုရင် အဲဒီကရတာနဲ့ အကုန်ယူမယ်” ဟု MOGE ညွှန်ကြားရေးမှူး က ပြောသည်။
အစိုးရက လက်ရှိတွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့အများဆုံး တင်ပို့လျက်ရှိပြီး ရေနံနှင့်သဘာဝ ဓာတ် ငွေ့ ရောင်းချခြင်းမှ နိုင်ငံအတွက် အများဆုံး နိုင်ငံခြားဝင်ငွေရှာဖွေပေးလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန် ချက် အရ သိရှိရသည်။

No comments:
Post a Comment