သည်စထရိတ်တိုင်းမ်
စင်ကာပူနိုင်ငံတွင် လုပ်သားလိုအပ်မှု ဆက်လက်မြင့်မားနေ ခဲ့သော်လည်း လုပ်ခလစာ တိုးတက်မှုနှုန်းနှေးကွေး သွားခဲ့ကြောင်း စင်ကာပူငွေကြေး အာဏာပိုင် အဖွဲ့ (MAS) က ဧပြီ ၂၈ ရက်က ထုတ်ပြန် လိုက်သောနှစ် ဝက်ကာလ မက်ခရိုစီးပွါးရေး အစီရင်ခံစာထဲ တွင်ဖော်ပြ ထားသည်။
လုပ်သား အရေအတွက် ပိုမိုများပြား လာသော်လည်း အလုပ်အကိုင်နေရာလွတ် နှုန်းထားမှာ ဆက် လက်မြင့်မားနေကာ ၁၀ နှစ်တာ ကာလ၏ ပျမ်းမျှနှုန်းထား အထက်တွင် ရှိနေကြောင်း အစီရင်ခံစာက ဆိုသည်။
၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ ကိုးလတာ ကာလအတွင်းတွင် စင်ကာပူ၏ ယေ ဘုယျ အလုပ်လက်မဲ့နှုန်းမှာ ပျမ်းမျှ ၂ ရာခိုင်နှုန်း ရှိခဲ့ရာ မှနောက်ပိုင်း ကာလတွင် ၁ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။
ဌာနေဒေသခံများ၏ ပျမ်းမျှ အလုပ်လက်မဲ့နှုန်းမှာ ၂ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂ ဒသမ ၆ ရာခိုင် နှုန်းသို့ ကျဆင်းသွားခဲ့သည်။
သို့ရာတွင် ၂၀၁၄ခုနှစ်၏ ပထမခြောက်လ တာကာလတွင် စင်ကာပူဒေသခံ များ၏လစာတိုးတက် မှုနှုန်းထားမှာသုံးရာခိုင်နှုန်း ရှိခဲ့သော်လည်း ဒုတိယခြောက် လတာကာလတွင် လစာတိုးနှုန်းမှာ ၁ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိတော့ပြီး သိသိသာသာ ကျဆင်းသွား ခဲ့ခြင်းဖြစ်သည်။ ၁၀နှစ်တာ ကာလအတွင်း ပျှမ်းမျှ လစာ တိုးနှုန်းမှာ ၃ ဒသမ ၇ ရာခိုင်နှုန်းခန့် ဖြစ်သည်။
ထိုကဲ့သို့ လစာတိုးနှုန်း ကျဆင်းရခြင်းမှာ အကြောင်းရင်း အချို့ကြောင့်ဖြစ်ကြောင်း MAS က ဆိုသည်။ ထိုအကြောင်း ရင်းများအနက် ပထမ တစ်ခုမှာဒေသခံ လုပ်သား အင်အားစု ထဲတွင် အချိန်ပိုင်းလုပ်သား ပါဝင်မှု အချိုးအစားမှာ ၂၀၀၈ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ၁၀ ဒသမ ၅ ရာခိုင်နှုန်း အထိ မြင့်တက် လာခြင်းကြောင့် ပျမ်းမျှလုပ်ခလစာ တိုးနှုန်းနိမ့်ကျ သွားရခြင်းဖြစ်ကြောင်း အစီရင်ခံစာထဲ တွင်ဖော်ပြ ထားသည်။ မကြာသေးမီက အချိန်ပိုင်း လုပ်သားများ၏ လုပ်ခလစာများ တက်လာခဲ့ သည့်ကြားမှ ထိုကဲ့သို့ ကျဆင်း သွားခြင်းဖြစ်သည်။
ယေဘုယျအားဖြင့် အချိန်ပိုင်းလုပ်သားများ ရရှိကြသောတစ်လဝင်ငွေမှာ အချိန်ပြည့် ဝန်ထမ်းများ၏ လစာများ၏လေးပုံတစ်ပုံခန့်သာ ရှိရာအကယ်၍ လုပ်သား အင်အားစု ထဲတွင် အချိန်ပိုင်း လုပ်သား ပါဝင်မှု အချိုး အစား တိုးမလာဘဲ ၂၀၁၃ ခုနှစ်က အတိုင်း ဆက်ရှိနေခဲ့ မည်ဆိုပါ ကယေဘုယျ လုပ်ခလစာ တိုးတက် မှုနှုန်းထားမှာ ယခုထက် ၀ ဒသမ ၄ ရာခိုင်နှုန်း ပို၍မြင့် လာနိုင်ကြောင်းလည်း MAS ၏ အစီရင်ခံစာက ဆိုခဲ့သည်။
No comments:
Post a Comment