ထက်ထက်အောင်
၂၀၁၅-၁၆ ကျောင်းဖွင့်ရာသီတွင် ရန်ကုန်မြို့ရှိ ယာဉ်ထိန်းရဲအင်အားကို နှစ်ဆတိုးမြှင့်၍ အင်အား နှစ်ထောင်ကျော်အထိ ချထားမည်ဟု ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကော်မတီမှ ဒု-ရဲမှူး ဇော်မျိုးထွန်းက မေ ၂၆ရက်တွင် ပြောသည်။
ဒု-ရဲမှူးဇော်မျိုးထွန်းက "လာမယ့်ကျောင်းဖွင့်ရာသီမှာ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ ရန်ကုန်မြို့ပေါ်ရှိတဲ့ ယာဉ်ကြောကြပ်တည်းတဲ့ နရာတွေထဲက အကြပ် တည်း ဆုံးနေရာတွေကို ရွေးပြီး ယာဉ်ထိန်းရဲအင်အား နှစ်ဆတိုးချထားမယ်”ဟု ဆိုသည်။
ရန်ကုန်မြို့ပေါ်တွင် ယာဉ်ကြောကြပ်တည်းသောနေရာ ၇၉ခုရှိပြီး၊ ၂၀၁၄ခုနှစ် ကျောင်းဖွင့်ရာသီက ရန်ကုန်မြို့တွင် ယာဉ်ထိန်းရဲ ဦးရေ တစ်ထောင်ဝန်းကျင်သာ ချထားနိုင်ခဲ့သည်။
No comments:
Post a Comment