Thursday, May 28, 2015

ရေးကူး အသံလွှင် ရုံးဟောင်း မြေဧက ကိုးဆယ် ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးမှု တင်ဒါခေါ်မှု နိုင်ငံဘီလီယံ၂၀၀ ကျော် နစ်နာနိုင်သည့်အတွက် ဆိုင်ငံ့

မောင်သင်တုန်း

ရန်ကုန် ပြည်လမ်းမကြီးဘေးရှိ ရေးကူး အသံလွှင့် ရုံးဝင်းဟောင်း မြေနေရာဧက ၉၀ ခန့်ကို ပုဂ္ဂလိကသို့ အပိုင်ပေးမည် တင်ဒါခေါ်ယူမှုပွင့်လင်းမြင်သာမှု မရှိသည့်အတွက် ဆိုင်ငံ့ထားရန် ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးဆုံးဖြတ် အတည်ပြုလိုက်သည်။

“သန့်ရှင်းသောအစိုးရ ပွင့်လင်းမြင်သာမှုရှိသော အစိုးရအဖွဲ့ ဖြစ်ရမယ်လို့ သမ္မတကြီးက ပြောထားပါတယ်။ သို့သော ယခုတင်ဒါကိစ္စမှာ ပွင့်လင်မြင်သာမှု နယ်ဘောင်ကိုကျော်လွန်ပြီး ပေးလိုသူကိုပေးဖို့ တစ်ဖက်သက်ရေးဆွဲထားတာဖြစ်ပြီး မသန့်ရှင်းသော လုပ်ရပ်လို့ ယူဆတဲ့အတွက် အဆိုရှင် စောင်ဆိုင်းငံ့ထားရန်အပြင် ရပ်ဆိုင်းထားသင့်ပါကြောင်း ထောက်ခံဆွေးနွေးလိုပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက် ဆွေးနွေးသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်လမ်းရှိ ပြန်ကြားရေး ဝန်ကြီးဌာနပိုင် ထပ်ဆင့်အသံလွင်ဌာနရှိ မြေဧက ၁၂၀ အနက်မှ မြေဧက ၉၀ အားပုဂ္ဂလိကပိုင်အား လွဲပြောင်းပေးရန် တင်ဒါခေါ်ယူခဲ့ခြင်း ဖြစ်သည်။ တင်ဒါအောင်မြင်သည့် ကုမ္ပဏီအနေဖြင့် မြေဧက ၁၅၀ ကျယ်ဝန်းသော အသံလွင်စက်ရုံသစ်ကို အစားထိုးပြန်လည် တည်ဆောက်ပေးရမည်ဖြစ်သည်။

သို့သော် လက်ရှိမြေနေရာသည် ရန်ကုန်မြို့၏ မြေပေါက်ဈေးအရ ဘီလီယံ ၄၀၀ ၀န်ကျင်အထိ တန်ဖိုးရှိသည်ဟုလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးသည်။ ပြန်လည်တည်ဆောက်ပေးရမည် မြေဧက ၁၅၀ ပေါ်ရှိစက်ရုံး ၀န်ထမ်းအိမ်ယာများအတွက် ကုန်ကျစရိတ်မှာ ခန့်မှန်းတန်းဖို့ ကျပ် ဘီလီယံ ၁၅၀ အထိသာကုန်ကျနိုင်သည်ဟု ဆိုသည်။

တင်ဒါအောင်မြင်သည့် ကုမ္ပဏီအနေဖြင့် ကျပ်ဘီလီယံ ၂၀၀ ကျော် အမြတ်ရရှိဖြစ်သည့်အတွက် အဆိုပါတင်ဒါကိစ္စမှာ အဂတိလိုက်စားမှု ကင်းရှင်းရဲ့လားဟု မေးမြန်စရာများဖြစ်ပေါ်လာသည့်အတွက် တင်ဒါခေါ်ဆိုမှုအား သေချာလေ့လာပြီးမှသာ ဆောင်ရွက်ရန် လက်တစ်လောတွင် ဆိုင်ငံ့ထားရန် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးသည်။

“တင်ဒါကို ဆိုင်ငံ့ထားခြင်းအပြင် ရပ်ဆိုင်းသင့်ပါတယ်။ ဒါဟာ နားလည်ပါးရိုက်တာမျိုး မဖြေစ်အောင်ပါ။ သမ္မတကြီးအနေဖြင့် မြစ်ဆုံတောင် တားဆီးနိုင်ရင် ဒါတွေကိုလည်းတားဆီးသင့် ပါတယ်” ဟု ကိုယ်စားလှယ် ဦးအေးမောက်က ဆွေးနွေးသည်။

အဆိုပါတင်ဒါကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးမှ ပွင့်လင်မြင်သာမှု မရှိခြင်း၊ တင်ဒါစည်းမျဉ်း စည်းကမ်းများသည် ကုမ္ပဏီတစ်ခုထဲကို ပေးရန် ရည်ရွယ်ပြီးရေးဆွဲထားခြင်း၊ အချိန်အတိုင်းအတာ တစ်လဟု သတ်မှတ်သည့်အတွက် ကြိုတင်ကြံစည်းပြီး ဆောင်ရွက်ခြင်းများ ဖြစ်သည်ဟု ယူဆနိုင်သည့်အတွက် ရပ်ဆိုင်းထားရန် ဆွေးနွေးကြသည်။

အသံလွင်ရုံပြောင်းရခြင်းမှာ အဆိုပါနေရာများတွင် ယခင်က မြို့ပြင်နေရာတစ်ခုဖြစ်သော်လည်း ယခုအခါတွင် လူနေမှု ပတ်ဝန်ကျင်းနှင့် နီးကပ်လာသည့်အတွက် အသံလွင်မှု စက်ရုံများကြောင့် ဘေးထွက်ဆိုးကြိုးများရှိသဖြင် ပြောင်းရွေ့ရခြင်းဖြစ်သည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက လွှတ်တော်တွင် ပြောသည်။

“တင်ဒါစည်းကမ်းချက် ၁၃ မှာ စိမံကိန်းမြေကို ဖဲ့ထုတ်မရောင်းရဘူးဆိုတဲ့ အချက်ပါတယ်။ အဆိုရှင်က မီဒီယာတစ်ခု၏ ဖော်ပြချက် ကိုယ်ကားပြီး ဆွေးနွေးတာဖြစ်ပါတယ်။အဂတိလိုက်စားမှု ဘာမဟုက်တာတစ်ခုမှ လုပ်မထားပါဘူး လာရောက်စစ်ဆေးနိုင်ပါတယ်”ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက ပြန်လည်ဆွေးနွေးသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က တင်ဒါခေါ်ယူမှုကို ပြန်လည်သုံးသပ်ရန် သာမကပဲ လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းပြီး သေသေချာချာ စုံးစမ်းစစ်ဆေးဖို့ လိုအပ်ကြောင်း ပုံမှန်မဟုက်ပဲ အဂတိလိုက်စားမှုများ ရှိနိုင်သောကြောင့် ဖြစ်ကြောင်းလည်း ဝေဖန်ထောက်ပြခဲ့သည်။

No comments:

Post a Comment