နိရဉ္စရာ
မလ ၂၂ ရက်နေ့က ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဒက္ကားက ထုတ်တဲ့ The daily Star သတင်းစာရဲ့ Online သတင်း နှစ်ပုဒ်မှာ အထက်ဖော်ပြပါ ဓာတ်ပုံ တစ်ပုံတည်းကိုဘဲ ပူးတွဲပြီး နှစ်ခါတင်ထားပါတယ်။ သတင်း ခေါင်းစဉ်တွေကတော့ “ Govt to bring Bangladeshi victims home” နဲ့ “ Fishermen rescue seven Bangladeshis off Myanmar Coast” တို့ ဖြစ်ကြပါတယ်။
အဲဒီသတင်းမှာ တင်ထားတဲ့ ဓါတ်ပုံကတော့ အင်ဒိုနီးရှားရောက် လှေစီးပြေး ဘင်္ဂလာဒေရှ့်နိုင်ငံသား တိုက်ခိုက် ခံထားရတဲ့ ဓာတ်ပုံ ဖြစ်ပြီး အဲဒီ ဓာတ်ပုံရဲ့ အောက်မှာ အင်္ဂလိပ်လို ခုလို ရေးသား ဖော်ပြထားပြီး AFP သတင်းဌာနလို့ Credit ပေးထားပါတယ်။
Rescued Bangladeshi migrants, Muhammad Mesher Ali, right, shows the head and body scars of Muhammad Murad Husein, left, at the confinement area in Kuala Langsa OF Indonesia yesterday. Ali was attacked by Myanmarese when violence broke out on their boat between the two camps as migrants became desperate for food. Photo: AFP
အင်ဒိုးနီးရှားနိုင်ငံက Kuala Langsa က ထိန်းသိမ်းရေးစခန်းမှာ ကယ်တင်ခံထားရတဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား မူဟာမတ်မီချာ အာလီ (၀ဲ)က မူဟာမတ် မူရတ်ဟူစိန် (ယာ)ရဲ့ ဦးခေါင်းနဲ့ ခန္ဓာကိုယ်မှာ တိုက်ခိုက် ခံထားရတဲ့ ဒဏ်ရာရတွေကို ပြသနေတယ်။ အာလီကို မြန်မာတွေ တိုက်ခိုက်ထားတယ်။ ဘုတ်ပေါ်မှာ အစာလုရင်း အုပ်စု နှစ်ခုကြား တိုက်ခိုက်မှုတွေ ပေါ်ပေါက်စဉ် တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီဓာတ်ပုံမှာ ဖော်ပြတဲ့ စာသားထဲမှာ ပျောက်နေတာက “ ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးပါ။ အမှန်မှာက ဘုတ်ပေါ်ပါလာတာက ဘင်္ဂလာဒေရှ့်နိုင်ငံသားတွေနဲ့ တစ်ဘက်နဲ့ တစ်ဘက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာက ဘင်္ဂလီ ရိုဟင်ဂျာတွေပါ။ အမှန်တကယ် တိုက်ခိုက်ခဲ့တာက ဘင်္ဂလီရိုဟင်ဂျာတွေက ဘင်္ဂလာဒေရှ့် နိုင်ငံသားတွေကို တိုက်ခိုက်ခဲ့တာပါ။ ဒါပေမယ့် ဒီလို လူကြမ်း နေရာမှာ ထည့်ရမယ့် အခါကျတော့ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို ဒီသတင်းဌာနက အသာလေး ဖျောက်ထားပြီး မြန်မာဆိုတဲ့ စကားလုံးကို ထည့်သွင်း ဖော်ပြပြီး မြန်မာကို လူမိုက်စာရင်း သွင်းလိုက်တာ ဖြစ်ပါတယ်။
ဒီဓာတ်ပုံနဲ့ စာတန်းလေးကို ကြည့်ပြီး သက်ဆိုင်ရာ နိုင်ငံတကာ သတင်းဌာနတွေဟာ မြန်မာအပေါ် ဘယ်လို သဘောထားပြီး ဘယ်လောက်ထိ မရိုးမသား လုပ်နေကြတယ် ဆိုတာကို သက်သေ ပြလိုက်တာဘဲ ဖြစ်ပါတယ်။

No comments:
Post a Comment