Monday, May 25, 2015

ပြည်နယ် အစိုးရက ခွင့်ပြုပါက ဟားခါးတွင် ဟိုတယ် ဆောက်လုပ်မည်

Khonumthung

ပည်နယ်အစိုးရက ခွင့်ပြုချက်ပေးပါက ခရီးသွားလာသူများအတွက် အဆင်ပြေနိုင်ရန် ချင်းပြည်နယ် ဟားခါးမြို့  တွင် ဟိုတယ်တိုးချဲ့ ဆောက်လုပ်ရန် စီစဉ်နေ ကြောင်း Mahemiah Co-operation Company (MCC) တာဝန်ရှိ တစ်ဦး က ဆိုသည်။ လာမည့် ဇွန်လတွင် ဟားခါးမြို့ ၌ ရုံးဖွင့်လှစ်ရန် စီစဉ်နေသည့် MCC သည် ရုံးဖွင့်ပွဲတွင် ပြည်နယ် ၀န်ကြီးချုပ် အပါအ၀င် ၀န်ကြီးများ၊ မြို့ မိမြို့ ဖနှင့် ဘာသာရေးခေါင်းဆောင်များလည်း ဖိတ်ကြားရန် စီစဉ်နေကြောင်း ကုမ္ပဏီ တာဝန်ရှိသူ Pu Thawng Za Lian က ဟားခါးမြို့ ရှိ ဒေသခံများနှင့်တွေ့ ဆုံပွဲ တွင် ပြောကြားခဲ့သည်။

“ချင်းပြည်နယ်မှာ ခရီးသည်များ တည်းခိုမည့် တည်းခိုခန်း အခက်အခဲတွေ့ ရှိတယ်ဆိုတာ အမြဲကြားနေရတယ်။ သက်ဆိုင်ရာတွေက ခွင့်ပြုမည်ဆိုလို့ ရှိရင် ပထမဦးဆုံး ဟိုတယ်ဆောက်ရင်ကောင်း မလားဆိုပြီး သက်ဆိုင်ရာ တာဝန်ရှိ သူတွေနဲ့တွေ့ ကြ တယ်။ ပြီးတော့ ဒေသခံလူကြီးတွေ နဲ့လည်းတွေ့ ပြီး သူတို့ က အဖက်ဖက်ကနေ အကူအညီတွေ ပေးကြတယ်” ဟု ပူးထောင်ဇာလျန်က ဆိုသည်။

အကယ်၍ အစိုးရက ခွင့်ပြုပါက ဟိုတယ်ဆောက်လုပ်ရန် အသင့်ဖြစ်ပြီဖြစ်ကြောင်း၊ ထိုနောက် ချင်းပြည်နယ် တွင် ဘဏ်လုပ်ငန်းကိုလည်း တည်ထောင်ရန် အစီအစဉ်ရှိကြောင်းနှင့် ဆောက်လုပ်နိုင်သည့် အနေအထား ရရှိ နိုင်ပါက လူနေအိမ် အဆောက်အဦးများကိုလည်း စနစ်တ ကျ ဆောက် လုပ်ပြီး ပြည် တွင်းပြည်ပ ရှိ ချင်းလူမျိုး များမှ ဟားခါးမြို့ တွင် အိမ်ခန်းများပိုင်ဆိုင်နိုင် သည်အထိ လုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

ထို့ အပြင် ရန်ကုန်၊ မန္တလေးမြို့ များထက် မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ်များအနက် အဆင်းရဲဆုံး ပြည်နယ် ဖြစ်သည့် ချင်းပြည်နယ်မှာ ကုန်ဈေးနှုန်း အမြင့်များဆုံး အနေအထားတွင်ရှိနေသည့် အခြေအနေကို မည်ကဲ့သို့  ဖြေရှင်းမလဲ ဆိုသည့်အချက်ကိုလည်း MCC က စီစဉ်နေကြောင်း လည်း သိရသည်။

ချင်းပြည်နယ်မှာ မွေးမြူရေး Permanent Farm ကဏ္ဍကိုမည်ကဲ့သို့  တိုးတက်ဖွံ့ ဖြိုးအောင်လုပ်ဆောင်ပြီး ရွှေ့  ပြောင်းတောင်ယာစနစ် မည်ကဲ့သို့  ပပျောက်အောင် လုပ်ဆောင်မည် ဆိုသည့် အချက်ကိုလည်း လုပ်ဆောင် သွားရန်ရှိကြောင်းနှင့် အဆောက်အဦးများ မည်ကဲ့သို့  ဆက်လက် ထိန်းသိမ်းမလဲ ဆိုသည့်ကိစ္စကိုလည်း အကောင်အထည်ဖေါ် ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၌ မှတ်ပုံတင်ပြီး ချင်းပြည်နယ်တွင် အခြေစိုက်ပြီး လုပ်ငန်းအကောင်အထည်ဖေါ်ရန် စီစဉ် နေသည့် MCC သည် မြန်မာနိုင်ငံတွင်လည်း မှတ်ပုံတင်ထားပြီး ဒေသခံအစိုးရနှင့် ပူးပေါင်း၍ လုပ်ငန်း အကောင်အထည် ဖေါ်ဆောင်ရန် စီစဉ်ခြင်းဖြစ်သည်။

No comments:

Post a Comment