Mizzima
မြန်မာ ဝက်ဆိုဒ်အချို့ ဖြစ်သော မန္တလေး သူနာပြု တက္ကသိုလ် ဝက်ဆိုဒ် http://uonmdy.gov.mm နှင့် ပင်လယ်ပြင် ကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသည့် NGO ဝက်ဆိုဒ် တစ်ခုဖြစ်သော myanmarsubsea.com တို့မှာ ဘင်္ဂလားဒေ့ရှ် ဟက်ကာဆိုသူများက တိုက်ခိုက်လျက် ရှိနေသည်ကို မေလ ၂၅ ရက် နံနက်ပိုင်းက တွေ့ရသည်။
http://uonmdy.gov.mm ၏ ပင်မ စာမျက်နှာတွင် Blacksmith Hacker Team က တိုက်ခိုက်ခြင်းဟု ရေးသားထားသည်။ စာမျက်နှာတွင် "ရိုဟင်ဂျာတွေကို မြန်မာဘာ့ကြောင့် လက်မခံရသလဲ" ဟု မေးခွန်းထုတ်ထားပြီး "မြန်မာနိုင်ငံသည် အလွန်ဆင်းရဲခြင်းကြောင့် ရိုဟင်ဂျာ ဆိုသူများကို အစားအစာ၊ အဝတ်အစားနှင့် နေရာမပေးနိုင်" ဟု ရေးသားထားသည်။
myanmarsubsea.com ပင်မ စာမျက်နှာတွင်မူ ပင်လယ်ပြင်ရောက် ဒုက္ခသည် တစ်စု၏ ပုံဖြင့် "Bangladesh cyber Army" ဟု ရေးသားထားသည်။

No comments:
Post a Comment